လိုင်ယွန်မှ လက်ခံပါက အာဆင်နယ်သို့ ပြောင်းရန်အသင့်ဟု လာကာဇက်တီပြော

လိုင်ယွန်မှ လက်ခံပါက အာဆင်နယ်သို့ ပြောင်းရန်အသင့်ဟု လာကာဇက်တီပြော

သြဂုတ် ၁၆၊ ပြင်သစ် ။            ။ အာဆင်နယ်အသင်းက မှန်ကန်သည့်ပြောင်းရွှေ့ကြေးပမာဏနှင့် ကမ်းလှမ်းလာခဲ့ပြီး လိုင်ယွန်အသင်းဘက်ကလည်း လက်ခံပါက အင်္ဂလန်သို့ ပြောင်းရွှေ့ ကစားရန်အသင့်ရှိကြောင်း တိုက်စစ်မှူးး လာကာဇက်တီက ပြောဆိုလိုက်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ လာကာဇက်တီကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး ဖြစ်သော်လည်း လိုင်ယွန်အသင်းဘက်က ပယ်ချထားသည်။

ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်၌ အာဆင်နယ်အသင်းက လီဗာပူးလ်ကို လေးဂိုး သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့ချိန်တွင် လာကာဇက်တီမှာ နန်စီအသင်းဘက်သို့ သုံးဂိုးသွင်းယူကာ လိုင်ယွန်အသင်းကို နိုင်ပွဲ ရရှိစေခဲ့သည်။

ရာသီအဖွင့်တွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြီးနောက် လာကာဇက်တီက ‘အာဆင်နယ်အသင်းရဲ့ကမ်းလှမ်းမှုက လိုင်ယွန်အသင်းအတွက် ငြင်းပယ်စရာမရှိဘူးဆိုရင် ကျွန်တော်လည်း သူတို့ကို ငြင်းပယ်ဖို့ မရှိပါဘူး’ ဟု ပြောဆိုခဲ့သည်။

လိုင်ယွန်အသင်းက သူတို့၏ တိုက်စစ်မှူးးကို ဈေးပေါပေါဖြင့် ရောင်းရန်ဆန္ဒမရှိသလို အာစင်ဝင်းဂါးဘက်ကလည်း ယူရိုပြိုင်ပွဲဝင် ပြင်သစ်အသင်း၌ပင် မပါဝင်ခဲ့သည့် တိုက်စစ်မှူးအတွက် ငွေအများကြီး ပေးချေလိုခြင်း မရှိပဲ နှစ်ဘက်အသင်းမှာ အမြင်ကွဲပြားလျက်ရှိသည်။

လာကာဇက်တီကတော့ ရာသီအဖွင့်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့်အတွက် ကျေနပ်ကြောင်းနှင့် လိုင်ယွန်တွင် အစစအရာရာ အဆင်ပြေကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags