ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် အခမဲ့ဝိုင်ဖိုင်များ တပ်ဆင်မည်

ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် အခမဲ့ဝိုင်ဖိုင်များ တပ်ဆင်မည်

ဟနွိုင်း၊ သြဂုတ် ၁၆ ။               ။ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ မြို့ဟောင်းရပ်ကွက်များ၊ ကမ္ဘာလှည့်ခရီးသည်များ သွားလာသည့်နေရာများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် အခမဲ့ဝိုင်ဖိုင်အင်တာနက်စနစ်များ တပ်ဆင်သွားမည်ဟု မြို့တော်သတင်းနှင့် ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

ဟနွိုင်းမြို့သားများနှင့် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် မြို့တွင်းသွားလာမည့်နေရာများကို ရှာဖွေရလွယ်ကူစေရန် ယခုကဲ့သို့ အခမဲ့ဝိုင်ဖိုင် တပ်ဆင်ရန် စီစဉ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက ဘတ်စ်ကားယာဉ်လိုင်းတစ်ခုဖြစ်သည့် Transeco က ၎င်းတို့၏ ဘတ်စကား အစင်း ၂၀၀ တွင် ဝိုင်ဖိုင်များ တပ်ဆင်ပေးခဲ့သည်။

ဟနွိုင်းနှင့် ဟိုချီမင်းမြို့တော်များအပြင် ဗီယက်နမ်၏ အခြားမြို့ကြီးများဖြစ်သော နိုင်ငံအလယ်ပိုင်းမှ ဟွိုင်အန်း၊ ဒါနန်းမြို့များ၊ နိုင်ငံမြောက်ပိုင်းရှိ ဟိုင်ဖောင်းနှင့်ဟာလွန်းမြို့များတွင်လည်း ၂၀၁၂ ခုနှစ်မှစတင်ကာ ဝိုင်ဖိုင်စနစ်တပ်ဆင်ခဲ့ပြီးဖြစ်သည်။

Internet World Stats ၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇွန် ၃၀ ရက်အထိ လူဦးရေသန်း ၉၀ ရှိသော ဗီယက်နမ်တွင် အင်တာနက်အသုံးပြုသူ ၄၉ သန်းနီးပါးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags