အင်ဒိုနီးရှားလေယာဉ်များ အမေရိကန်သို့ ပျံသန်းခွင့် ပြန်လည်ခွင့်ပြု

အင်ဒိုနီးရှားလေယာဉ်များ အမေရိကန်သို့ ပျံသန်းခွင့် ပြန်လည်ခွင့်ပြု

ဂျကာတာ၊ သြဂုတ် ၁၆ ။      ။ အင်ဒိုနီးရှားလေကြောင်းလိုင်းများကို စည်းကြပ်အဖွဲ့၏ လုံခြုံရေးပြန်လည်သုံးသပ်ပြီးနောက် အမေရိကန်သို့ ပျံသန်းပြေးဆွဲခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သည်။

အမေရိကန်လေကြောင်း ပျံသန်းမှုစီမံခန့်ခွဲမှုရုံး FAA က ဆယ်စုနှစ်  တစ်ခုစာနီးပါးကြာပြီးနောက် အင်ဒိုနီးရှား  လေကြောင်းလိုင်းများအား လေကြောင်းပျံသန်းမှုဘေးကင်းရေး အဆင့်အမှတ်တစ်တွင် ပြန်လည်သတ်မှတ်ပေးလိုက်ခြင်းလည်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ လျင်မြန်စွာကြီးထွားနေသော လေကြောင်းလိုင်းဈေးကွက်သည် လေယာဉ်မတော်တဆမှုများဖြစ်ပွား၍ ၂၀၀၇ ခုနှစ်အတွင်းက အဆင့်လျှော့ချသတ်မှတ်ခံရခြင်းဖြစ်သည်။

အင်ဒိုနီးရှားလေယာဉ်များကို ပိတ်ထားခြင်းအား အီးယူက မကြာသေးမီက အင်ဒိုနီးရှားလေကြောင်းလိုင်းသုံးလိုင်းအား ပြန်လည်ခွင့်ပြုပေးခဲ့သည်။

လာမည့်နှစ်မှစကာ အမေရိကန်သို့ အင်ဒိုနီးရှားနိုင်ငံပိုင် Garuda လေကြောင်းလိုင်း စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့လည်း လေကြောင်းလိုင်း မြှင့်တင်မှုများလုပ်ပြီးနောက် ပြီးခဲ့သည့်နှစ်များအတွင်းက အဆင့်တစ်နေရာသို့ ပြန်လည်သတ်မှတ်ခံရသည်။ ထိုင်းနိုင်ငံအတွက်ကမူ ပြီးခဲ့သည့် ဒီဇင်ဘာက အဆင့်လျှော့ချသတ်မှတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags