နှစ်နှစ်အတွင်း အိမ်သာအလုံး သန်း ၂၀ ကျော် ဆောက်ပေးခဲ့ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

နှစ်နှစ်အတွင်း အိမ်သာအလုံး သန်း ၂၀ ကျော် ဆောက်ပေးခဲ့ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

နယူးဒေလီ၊ သြဂုတ် ၁၅ ။             ။ အိန္ဒိယ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ၎င်းအစိုးရအနေဖြင့် အိမ်သာ အလုံး သန်း ၂၀ ကျော်ကို ဆောက်ပေးခဲ့ပြီး ကျေးရွာထောင်ပေါင်းများစွာကိုလည်း မီးရရှိအောင် လုပ်ဆောင်ပေးခဲ့ကြောင်း လွတ်လပ်ရေးနေ့ မိန့်ခွန်းအဖြစ် သြဂုတ် ၁၅ ရက်က ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ကမ္ဘာ့ဒုတိယလူဦးရေအများဆုံး အိန္ဒိယနိုင်ငံတစ်ဝန်းက အိမ်ထောင်စုများ အားလုံး မီးနှင့် အိမ်သာရှိအောင် လုပ်ဆောင်သွားမည်ဟု သံန္ဒိဌာန်ချထားကြောင်းလည်း ပြောသည်။

၂၀၁၄ သြဂုတ် ၁၅ ရက်က ပထမဆုံးမိန့်ခွန်းတွင် ဝန်ကြီးချုပ်မိုဒီက လိင်အကြမ်းဖက်မှုများနှင့် အိမ်သာ မရှိကြသည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ဆိုကာ လေးနှစ်အတွင်း အိမ်တိုင်း အိမ်သာရှိရမည်ဟု ကတိကဝတ်ပြု ပြောကြားခဲ့သည်။

“ဒီနေ့မှာ ကျွန်တော်ပြောနိုင်တာကတော့ အချိန်တိုအတွင်းမှာ အိန္ဒိယကျေးရွာတွေအတွက် အိမ်သာအလုံးပေါင်း သန်း ၂၀ ကျော် တည်ဆောက်ပေးလိုက်ပါပြီ။ ဒါက လူပေါင်း ခုနစ်သောင်းကျော် လွတ်လပ်စိတ်ချစွာ မစင်စွန့်လို့ ရတာပါပဲ။”ဟုလည်း မိုဒီက ပြောသည်။

အိန္ဒိယနိုင်ငံတွင် လမ်းများကြား မစင်စွန့်ခြင်းများကြောင့် ရေရှည်အဓိကကျန်းမာရေးနှင့် မိလ္လာစနစ်ပြဿနာတို့ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါး ၅၉၄ သန်းသော လူဦးရေသည် အိမ်သာမရှိဘဲ လမ်းပေါ် အညစ်အကြေးစွန့်နေရကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly