ဟောင်ကောင် ကျောင်းသား ခေါင်းဆောင်များအား ပြစ်ဒဏ် အသီးသီးချမှတ်

ဟောင်ကောင် ကျောင်းသား ခေါင်းဆောင်များအား ပြစ်ဒဏ် အသီးသီးချမှတ်

ဟောင်ကောင်၊ သြဂုတ် ၁၅ ။          ။ ၂၀၁၄ ခုနှစ်အတွင်းက ဟောင်ကောင်တွင် ပေါ်ပေါက်သည့် ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်များအား အပြစ်ချမှတ်လိုက်သည်။

ထိုဆန္ဒပြလှုပ်ရှားမှုများမှ ခေါင်းဆောင်အဖြစ် ထွက်ပေါ်လာသည့် ဆယ်ကျော်သက်ကျောင်းသားခေါင်းဆောင် ဂျိုရှိုဝေါင်အား ဥပဒေမဲ့ လူစုလူဝေးပြုမှုဖြင့် ပြည်သူဝန်ဆောင်မှု နာရီ ၈၀ လုပ်ဆောင်ရန် အပြစ်ချမှတ်သည်။

နာသန်လောဆိုသူကို နာရီပေါင်း ၁၂၀ ဝန်ဆောင်မှုများ လုပ်ရန်နှင့် အဲလက်စ်ချိုးအား ထောင်ဒဏ်တစ်နှစဟ်ကို ဆိုင်းငံ့ကာ သီတင်းသုံးပတ် ထောင်ဒဏ်ချမှတ်သည်။

၎င်းတို့ သုံးဦးစလုံးက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ဖြင့် အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

၂၀၁၄ စက်တင်ဘာ ၂၆ ရက်က ၎င်းတို့သုံးဦးသည် ဆန္ဒပြပွဲ၌ ဟောင်ကောင်အစိုးရရုံးဝင်းခြံအား အတင်းကျော်ခွတက်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့အား ဖမ်းဆီးလိုက်ခြင်းကြောင့် ဆန္ဒပြမှုပိုမိုပြင်းထန်ခဲ့ကာ ထီးလှုပ်ရှားမှု Umbrella Movement အဖြစ် အသိများခဲ့သည့် ဒီမိုကရေစီလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး မြို့၏ အစိတ်အပိုင်းတော်တော်များများ သုံးလနီးပါး ပိတ်ဆို့ထားခဲ့ရသည်။

အဆိုပါ လှုပ်ရှားမှုက ဟောင်ကောင်ဒေသခေါင်းဆောင်ရွေးကောက်ပွဲ အလုံးစုံလွတ်လပ်ရေးအတွက် တရုတ်သို့ တိုက်တွန်းတောင်းဆိုကြခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် တရုတ်က တစ်စုံတစ်ရာမှ လိုက်လျောမှုမပေးဘဲ ဆန္ဒပြပွဲက အရေးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly