နယူးယောက်တွင် လမ်းမပေါ် မွတ်စလင်ဗလီဆရာတစ်ဦး ပစ်သတ်ခံရ

နယူးယောက်တွင် လမ်းမပေါ် မွတ်စလင်ဗလီဆရာတစ်ဦး ပစ်သတ်ခံရ

နယူးယောက်၊ သြဂုတ် ၁၄။         ။ အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကွင်းစီရင်စုတွင် လမ်းပေါ် မွတ်စတင်ဗလီဆရာတစ်ဦးနှင့် လက်ထောက်တို့ လမ်းလျှောက် သွားလာနေစဉ် ပစ်သတ်ခံရသည်။

၎င်းတို့ နှစ်ဦးနောက်မှ လူတစ်ဦး ချဉ်းကပ်လာကာ နှစ်ဦးစလုံးအား ခေါင်းကို ကပ်ပစ်သွားခြင်းဖြစ်ကြောင်း ရဲပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဗလီဆရာ အသက် ၅၅ နှစ်ရှိ အမမ်မူလာမာသည် လွန်ခဲ့သည့် နှစ်နှစ်က ဘင်္ဂလားဒေ့ရှ်မှ နယူးယောက်သို့ ရွှေ့ပြောင်းလာခဲ့သူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယခုပစ်ခတ်မှုသည် ၎င်းတို့၏ ဘာသာရေးယုံကြည်မှုကြောင့် ပစ်မှတ်ထားကာ ပစ်ခတ်ခြင်းဆိုသည်က သက်သေမရှိကြောင်း ရဲက ပြောသည်။

အိုဇုန်းပန်းခြံဧရိယာအတွင်းဖြစ်ပွားသည့် ယခုသေနတ်ပစ်ခတ်မှုတွင် သေနတ်သမားက ထွက်ပြေးသွားခဲ့ပြီး ဖမ်းဆီးနိုင်သေးခြင်းမရှိကြောင်း သိရသည်။

ပစ်ခတ်သူသည် လူဖြူ မဟုတ် လူမည်းလည်း မဟုတ်သော အလယ်အလတ်အသားအရေရှိကြောင်း ရဲက ပြောသည်။

အမမ်မူလာမာနှင့် လက်ထောက်ဖြစ်သူ သာရာအူဒင်တို့က သြဂုတ် ၁၃ ရက် ဒေသစံတော်ချိန် နှစ်နာရီဝန်းကျင်တွင် ဗလီမှ အထွက် လမ်းလျှောက်လာစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။

“သူက ယင်တစ်ယောင် သတ်ဖူးသူမဟုတ်ဘူး။ သူကို တွေ့ရင် ငြိမ်းငြိမ်းချမ်းချမ်း နေတတ်သူဆိုတာ သိနိုင်တယ်။”ဟု မူလာမာ၏ တူဖြစ်သူက ပြောသည်။

မူလာမာ၏ အသိမိတ်ဆွေများကလည်း ၎င်းက ဗလီတွင် ဝတ်ပြုပြီး ထွက်ခွာပြီး အချိန်းပိုင်းလေးအတွင်း ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါ ဗလီက အိုဇုန်ပန်းခြံအရပ်က ဘင်္ဂလားဒေ့ရှ်မွတ်စလင်အများအပြား လာရောက်ဝတ်ပြုနေရာဖြစ်သည်။

အနီးနားရှိ မွတ်စလင်အသိုင်းအဝန်းက မွတ်စလင်ဒါဇင်များစွာ အခင်းဖြစ်ရာသို့ ရောက်လာကြကာ ဝမ်းနည်းပူဆွေးမှုကို ပြသကြပြီး “တရားမျှတမှု လိုချင်တယ်။”ဟု ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags