သြဂုတ် ၁၄၊ ဘာစီလိုနာ။ ။ ဘာစီလိုနာအသင်းသည် ဗလင်စီယာအသင်းမှ ကစားသမားတစ်ဦးပင်ဖြစ်သည့် အသင်းခေါင်းဆောင် အယ်ကက်ကာကို ခေါ်ယူရန်နီးစပ်နေပြီဖြစ်သည်။
ဗလင်စီယာကစားသမားတစ်ဦးဖြစ်သည့် ဂိုမက်စ်ကို ပေါင် ၄၁ ဒသမ ၇ သန်းဖြင့်ခေါ်ယူထားပြီးဖြစ်သည့် ဘာစီလိုနာအသင်း သည် အယ်ကက်ကာကို ပေါင် ၂၆ သန်းဖြင့်ခေါ်နိုင်ခဲ့ပါက အသင်း၏လေးဦးမြောက်တိုက်စစ်မှူးဖြစ်လာမည်ဖြစ်သည်။
ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် စပိန်အတွက်ဂိုး အများဆုံးသွင်းခဲ့သည့်တိုက်စစ်မှူးကို ငါးနှစ်စာချုပ်ရန်အတွက်ဆွေးနွေးနေသည်ဟု စပိန်သတင်းစာက မန်ဒိုဒီပို့တီဗိုက ဖော်ပြထားသည်။
အသက် ၂၂ နှစ်အရွယ်ကစားသမားကလည်း ဘာစီလိုနာတွင် ပွဲထွက်ခွင့်အတွက်တိုက်ပွဲဝင်ရနိုင်သော်လည်း ပြောင်းရွှေ့ချင် သည်ဟု ပြောဆိုထားသည်။
အယ်ကက်ကာသည် ခြေစစ်ပွဲတွင် စပိန်အသင်းအတွက် ငါးဂိုးသွင်းနိုင်ခဲ့သော်လည်း နောက်ဆုံးလူစာရင်းဖြတ်ရာ၌ ချန်လှပ်ခံခဲ့ ရသည်။
ပြီးခဲ့သည့်ရာသီလာလီဂါတွင် ၁၃ ဂိုးသွင်းခဲ့သည့် အယ်ကက်ကာသည် ဗလင်စီယာအသင်းတွင် ၂၀၀၅ ကတည်းက ရောက်ရှိနေပြီး စပိန်သက်တမ်းအလိုက်လက်ရွေးစင်အသင်းအားလုံးတွင် ကစားခဲ့ဖူးသူဖြစ်သည်။
Ref; Daily Mail