မကွေးအသင်း AFC Cup ဝင်ပြိုင်ရန်မသေချာဟု နည်းပြ ဦးကြည်လွင်ပြော

မကွေးအသင်း AFC Cup ဝင်ပြိုင်ရန်မသေချာဟု နည်းပြ ဦးကြည်လွင်ပြော
မြန်မာနေရှင်နယ်လိဂ်ပွဲပြီးသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဦးကြည်လွင်ကိုတွေ့ရစဉ်။

သြဂုတ် ၁၃၊ ရန်ကုန် ။         ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား အဆင့်(၂)နေရာတွင် ရပ်တည်နေပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲရောက်ရှိနေသည့် မကွေးအသင်းမှာ လာမည့်နှစ်ဘောလုံးရာသီတွင် AFC Cup ဝင်ခွင့် ရခဲ့ပါက ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာဟု နည်းပြ ဦးကြည်လွင်ကပြောသည်။

မကွေးအသင်းမှာ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် ၂ပွဲအလိုတွင် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင်ရပ်တည် နေပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းနှင့်ရင်ဆိုင် ရမည်ဖြစ်သည်။

“AFC Cup ပြိုင်ပွဲကိုဝင်ဖို့က ကျွန်တော်တို့မှာ အခက်အခဲတွေအများကြီးရှိပါတယ်။ ကလပ်အသင်းတစ်သင်းမှာရှိသင့်တဲ့ အရာတွေလည်း မပြည့်စုံသေးပါဘူး။ ဒါပေမယ့်ဒါတွေကို အသင်းပိုင်ရှင်တွေက ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာလုပ်ရမှာပါပဲ” ဟု ဦးကြည်လွင်ကပြောသည်။

မကွေးအသင်းအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဗိုလ်လုပွဲတွင် ရန်ကုန်ကိုနိုင်ပြီး ချန်ပီယံဖြစ်ပါက လာမည့်နှစ်ဘောလုံးရာသီတွင် AFC Cup ဝင်ခွင့်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly