ဖာဘရီဂတ်စ်ကို ဂျူဗင်တပ်သို့ရောင်းချရန် ချယ်လ်ဆီးအသင်းပြင်ဆင်

ဖာဘရီဂတ်စ်ကို ဂျူဗင်တပ်သို့ရောင်းချရန် ချယ်လ်ဆီးအသင်းပြင်ဆင်

သြဂုတ် ၁၃၊ လန်ဒန် ။                ။ ချယ်လ်ဆီးအသင်းသည် ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကို ဂျူဗင်တပ်အသင်းသို့ရောင်းချရန် ပြင်ဆင်နေသည်ဟု အီတလီတွင်သတင်းများထွက်နေသည်။

စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်းထံပြောင်းသွားသော ပေါ့ဂ်ဘာ၏နေရာတွင် အစားထိုးရန် ကစားသမားသစ်ရှာဖွေလျှက်ရှိသည်။

ဂျူဗင်တပ်အနေဖြင့် ချယ်လ်ဆီးကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ မက်တစ်ကိုစိတ်ဝင်စားနေသည်ဟုသတင်းထွက်နေသည့် ကြားမှ ဖာဘရီဂတ်စ်ကို ပေါင် ၄၅ သန်းဖြင့်ကမ်းလှမ်းခဲ့သည်ဟု အီတလီသတင်းစာများက ဖော်ပြကြသည်။

ဂျူဗင်တပ်အသင်းလိုချင်နေသည့် ကွင်းလယ်ကစားသမားစာရင်းတွင် ဘယ်လ်ဂျီယံလက်ရွေးစင် ဝစ်ဆယ်လည်းပါဝင်နေပြီး ယင်းကစားသမားသည် ဇင်းနစ်အသင်းတွင် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကုန်ဆုံးရန်သာ ရွေးချယ်ခဲ့သည်။

ပီအက်စ်ဂျီကွင်းလယ်လူ မာတွီဒီမှာလည်း နောက်ထပ်ပစ်မှတ်တစ်ဦးဖြစ်သော်လည်း ပြင်သစ်ချန်ပီယံအသင်းက ရောင်းချရန် စိတ်မဝင်စားပေ။ ဖာဘရီဂတ်စ်သည် ၂၀၁၄ တွင် ဘာစီလိုနာအသင်းမှ ပေါင်သန်း ၃၀ ဖြင့်ပြောင်းလာပြီးနောက် ပွဲဦးထွက်ရာသီတွင်ခြေစွမ်းပြနိုင်ခဲ့သည်။

သို့သော် ချယ်လ်ဆီးအသင်း အဆင့် ၁၀ သာရသော ပြီးခဲ့သည့်ရာသီတွင်မူ ခြေစွမ်းကောင်းကိုဆက်လက်ပြသနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly