ရုရှနှင့် တင်းမာမှုများ ပြန်လည်မြင့်တက်လာ၍ ယူကရိန်းက စစ်တပ်ကို တပ်လှန့်ထား

ရုရှနှင့် တင်းမာမှုများ ပြန်လည်မြင့်တက်လာ၍ ယူကရိန်းက စစ်တပ်ကို တပ်လှန့်ထား

သြဂုတ် ၁၂ ။             ။ ရုရှ နှင့် တင်းမာမှုများ မြင့်တက်လာနေချိန် ယူကရိန်းအစိုးရက နယ်စပ်ဒေသရှိ ယင်း၏ စစ်တပ်ကို တပ်လှန့်ထားလိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခရိုင်းမီးယားဒေသအတွင်း ယူကရိန်းတို့ဘက်က လက်နက်ကိုင် ကျူးကျော်မှုများ လုပ်ဆောင်နေသည်ဟု ရုရှတို့ဘက်က စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် နှစ်ဘက်အပြန်အလှန် တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ သက်သေအထောက်အထားပြသရန် ကုလဆိုင်ရာ ယူကရိန်းသံအမတ်က ရုရှဘက်ကို တောင်းဆိုထားပြီး ရုရှ တပ်ဖွဲ့ဝင် ၄၀,၀၀၀ ကသာ ခရိုင်းမီးယား-ယူကရိန်းနယ်စပ်တစ်လျှောက် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြန်လည် စွပ်စွဲသွားသည်။

အဆိုပါ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်က ရုရှတို့က တိုက်ခိုက်သိမ်းယူထားခဲ့ပြီး ယခုအခါ ယူကရိန်းခွဲထွက်ရေးသူပုန်များနှင့်ပူးပေါင်းကာ စီမံခန့်ခွဲနေလျက်ရှိသည်။

ယခုအခါ ခရိုင်းမီးယားနယ်စပ် ဒေသတစ်လျှောက်တွင် တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် အရှေ့ဘက်ဒေသများဖြစ်သော လူဟန့်စ် နှင့် ဒိုနက်စ်တို့တွင်မှာပါ စစ်တပ်ကို အနီရောင်အဆင့် တိုးမြင့်တပ်လှန့်ထားကြောင်း ယူကရိန်း အာဏာပိုင်များက ပြောသည်။

ယခုအခါ နိုင်ငံအရှေ့ဘက်ခြမ်းတွင် ယူကရိန်းတပ်ဖွဲ့များနှင့် ရုရှလိုလားသော ခွဲထွက်ရေးသူပုန်များအကြား အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်ကာ မကြာခဏဆိုသလို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်ထားခဲ့သည်။

လက်ရှိအချိန်တွင် အခြေအနေများကို မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်ပေးနေကြောင်းလည်း နှစ်နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲပြောကြားမှုများလည်း ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags