ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လက်စတာ ကာကွယ်နိုင်ရန်ထက် အီးတီရောက်လာရန်ကသာ ပိုအခွင့်အလမ်းများဟု ရေနီယာရီပြော

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လက်စတာ ကာကွယ်နိုင်ရန်ထက် အီးတီရောက်လာရန်ကသာ ပိုအခွင့်အလမ်းများဟု ရေနီယာရီပြော

သြဂုတ် ၁၂၊ လက်စတာ။            ။ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လက်စတာအသင်း ကာကွယ်နိုင်ရန်ထက် လန်ဒန်ရှိပီကာဒီလီဆပ်ကပ်သို့ အီးတီရောက်ရှိလာရန် ကသာ ပိုမိုအခွင့်အလမ်း များလိမ့်မည်ဟု နည်းပြရေနီယာရီက ပြောဆိုလိုက်သည်။

လက်စတာအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုအောင်မြင်စွာကာကွယ်နိုင်ရန် ၆၀၀၀ လေး ၁ လေးသတ်မှတ်ခံထားရ ခြင်းကို ရေနီယာရီက ငြင်းဆန်ခဲ့ပြီးဖြစ်သည်။

အင်အားကောင်းသော အသင်းကြီးများအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလမ်းကြောင်းပေါ်ပြန်ရောက်လာမည်ဟု အီတလီလူမျိုးနည်းပြက ယုံကြည်နေသည်။

လက်စတာအသင်းဆုဖလားကာကွယ်နိုင်ရန်ထက် အီးတီရောက်လာခြင်းကသာပိုမိုဖြစ်နိုင်သောကြောင့် အသင်းအနေဖြင့် ဖိအား မရှိဟုလည်း ရေနီယာရီက ပြောသည်။

“ဒီရာသီက မနှစ်ကထက် ဖိအားပိုနည်းပါတယ်။ ပွဲအားလုံးကိုအနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အရာရာတိုင်းက ကွာခြားသွားပါပြီ။ အခုကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိထားရပါမယ်။ ပြီးခဲ့တဲ့ရာသီကလိုထပ်ဖြစ်ဖို့က မဖြစ်နိုင်ဘူးမဟုတ်ပေမယ့်လည်း ခက်ပါ တယ်။

ကျွန်တော်ထင်တယ် လောင်ကစားဒိုင်တွေက အခု ၆၀၀၀ လေး ၁ လေးဖွင့်ထားမှာပဲ။ ပြီးခဲ့တဲ့ရာသီကထက် ပိုခက်မှာပါ။ မဖြစ် နိုင်လောက်ဘူး။ ပီကာဒီလီဆပ်ကပ်ကို အီးတီရောက်လာဖို့က ပိုလွယ်လိမ့်မယ်”ဟု ရေနီယာရီက ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly