တစ်နှစ်ကြာ ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များကို ပြန်ဖွင့်သွားရန် ဗင်နီဇွဲလားနှင့် ကိုလံဘီယာတို့ သဘောတူ

တစ်နှစ်ကြာ ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များကို ပြန်ဖွင့်သွားရန် ဗင်နီဇွဲလားနှင့် ကိုလံဘီယာတို့ သဘောတူ

သြဂုတ် ၁၂ ။          ။ ကိုလံဘီယာနှင့် ဗင်နီဇွဲလား နိုင်ငံအကြား တစ်နှစ်နီးပါးကြာ နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ရာမှ ယခုအခါ တစ်ချို့တစ်ဝက်ကို ပြန်လည်ဖွင့်ပေးသွားတော့မည်ဟု   နှစ်ဘက် ခေါင်းဆောင်များ သဘောတူကြေညာခဲ့ကြသည်။

လာမည့် သြဂုတ် ၁၃ ရက်ကနေ့တွင် နယ်စပ်ဂိတ် တစ်ချို့ကို ဖွင့်ပေးတော့မည်ဖြစ်ကြောင်း ကိုလံဘီယာ သမ္မတ ဂျူအန် မန်နျူရယ် ဆန်တို့စ် နှင့် ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရို တို့က ကြေညာသွားခဲ့သည်။

နှစ်နိုင်ငံအကြား နယ်စပ်ကို ဖွင့်လှစ်ခြင်း၏ ပထမအဆင့်အနေဖြင့် ကီလိုမီတာ ၂,၂၀၀ (၁,၃၇၀ မိုင်) ရှည်လျားသော နယ်စပ်တစ်လျှောက် ဖြတ်ကျော်ဂိတ် ငါးနေရာကိုသာ ဖွင့်ပေးထားဦးမည်ဖြစ်သည်။

 ယခုကဲ့သို့ နယ်စပ်ကို ပိတ်ထားရခြင်းမှာ လုံခြုံရေးအခြေအနေကြောင့်ဖြစ်ကြောင်း မစ္စတာ မာဒူရိုက ပြောသည်။ နယ်စပ် ပိတ်ထားပြီးနောက်ပိုင်း ကိုလံဘီယာနိုင်ငံသားအများစုကို နိုင်ငံမှ ထွက်ခွာစေခဲ့ပြီး ယင်းအချိန်မှစ၍ နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း ကျဆင်းသွားခဲ့သည်။

ယခုဖွင့်လှစ်မည့် နယ်စပ်ဖြတ်ကျော်ဂိတ် ငါးခုကို နေ့စဉ် နံနက် ၈ နာရီ မှ ည ၈ နာရီထိ ဖွင့်ပေးထားမည်ဖြစ်ကြောင်း နှစ်ဘက်ခေါင်းဆောင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags