ကဏ္ဍပေါင်းစုံမှာ ကျား-မ ကွာဟမှု လျှော့ချရေး အချိန်ကောင်းလား

ကဏ္ဍပေါင်းစုံမှာ ကျား-မ ကွာဟမှု လျှော့ချရေး အချိန်ကောင်းလား

ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးလုပ်သားဦးရေသည် ဆက်တိုက်ဆိုသလို မြင့်တက်လာနေပြီးလွန်ခဲ့သည့် ဆယ်စုနှစ်ကထက်စာလျှင် (တစ်ဘီလီယံ၏ လေးပုံတစ်ပုံ) သန်း ၂၅၀ မျှ ပိုမိုများပြားလာနေသည်။ သို့ရာတွင် World Economic Forum က ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရဆိုလျှင်လည်း လုပ်ငန်းခွင်များအတွင်း ကျား-မတန်းတူညီမျှမှု ရှိလာရေးမှာ အလှမ်းကွာဝေးနေသေးသည်ကို တွေ့နေရဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေနှင့်လည်းမထူးခြားလှပေ။

ကမ္ဘာလုံးဆိုင်ရာ ကျား-မအခွင့်အရေးကွာဟမှု အစီရင်ခံစာတွင်လည်း အဆင့်မြင့် ပညာရေးများတွင် တက်ရောက်သင်ကြားခဲ့သော အမျိူးသမီးဦးရေသည် အမျိူးသားဦးရေထက်စာလျှင် ပိုမိုများပြားလာသည့်တိုင် နိုင်ငံပေါင်းသုံးနိုင်ငံတွင်သာ အမျိုးသမီးများက အမျိုးသားများထက် ကျော်လွန်ကာ ခေါင်းဆောင်ပိုင်းနေရာများတွင် တာဝန်ယူထားနိုင်ကြောင်းတွေ့ရသေးသည်။ ကျား-မကွာဟချက် လုံးဝမရှိတော့ရန်မှာ နောက်ထပ်နှစ်ပေါင်း ၁၁၈ နှစ်မျှ အချိန်ကြာမြင့်နိုင်သေးသည်ဟုလည်း အဆိုပါ အစီရင်ခံစာက ဖော်ပြထားပါသေးသည်။

 မြန်မာနိုင်ငံနှင့် ဆက်လျဉ်း၍ UNDP လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီရင်ခံစာ ၂၀၁၅ အရအလုပ်သမားဈေးကွက်တွင် အမျိုးသားများပါဝင်မှုသည် ၈၂.၃ ရာခိုင်နှုန်းရှိသော်လည်း အမျိုးသမီးများမှာ ၇၅.၂ ရာခိုင်နှုန်းသာရှိနေသည်ကို တွေ့ရသည်။ အဆိုပါ အစီရင်ခံစာအရ အရွယ်ရောက်ပြီးသော အမျိုးသမီး ၂၂.၉ ရာခိုင်နှုန်းသည် အလယ်တန်းအဆင့်ပညာရေးကို တက်ရောက်နိုင်ခဲ့ကြပြီး ၁၅.၃ ရာခိုင်နှုန်းသော အမျိုးသားများကသာ အလယ်တန်းအဆင့်ကို နေရာယူထားနိုင်သည်။

 အမျိုးသမီးများကို စွမ်းရည်မြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်စွမ်းသည် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးများအား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာရောက်စေပါသည်။  ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ဖြစ်ပေါ်လေ့ရှိသောအမျိုးသမီးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် ပုံမှန်မဟုတ်သော ထူးခြားမှုများ၊ မတူညီမှုများနှင့် မကြာခဏရှုပ်ထွေးမှုများ   ဖြစ်ပေါ်လေ့ရှိကြသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာသီးခြားရပ်တည်နေခြင်းမှ ရုန်းထွက်လာပြီးချိန်တွင် အမျိူးသမီးစွန့်ဦးတည်ထွင်သူများ၊ တီထွင်ဖန်တီးသူများ နှင့်   ခေါင်းဆောင်နေရာများတွင် အမျိုးသမီးကနေရာယူလာကြပြီးတိုင်းပြည်၏ စီးပွားရေး နှင့် လူမှု အဖွဲ့အစည်းများဆိုင်ရာ အပြောင်းအလဲများတွင် အမျိုးသမီးများကအဓိကအခန်းကဏ္ဍမှ တာဝန်ယူလုပ်ဆောင်လာကြသည်ကို တွေ့ကြရမည် ဖြစ်သည်။

 မြန်မာနိုင်ငံရှိလုပ်ငန်းခွင်များတွင် ကျား-မတန်းတူညီမျှမှု ရှိလာအောင် ဆောင်ရွက်နိုင်မှု  အောင်မြင်လာရေးကို အဖွဲ့အစည်းအားလုံးမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပေလိမ့်မည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှစကာ  ကျွန်ုပ်တို့အနေဖြင့်အဆိုပါ ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရေးကို အပြင်းအထန် လုပ်ဆောင်ရမည့် ကိစ္စအဖြစ် နားလည်းထားပြီး   ဖြစ်သည်။ နိုင်ငံတကာ နှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများက အသေးစားချေးငွေများမှ တဆင့် သင်တန်းပေးခြင်းနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် အမျိုးသမီးများကို အခြေပြုသော အကောင်အထည်ဖော်ရေးများကို ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နေကြပြီ ဖြစ်သည်။ မကြာသေးမီကကျင်းပခဲ့သော ရွေးကောက်ပွဲတွင်လည်း ရာခိုင်နှုန်းအနည်းငယ်သာ ဖြစ်သော်လည်း အမျိုးသမီးများ၏ လွတ်တော်အတွင်း ပါဝင်မှုသည် မြင့်တက်လာခဲ့သည်။

ကုန်ပစ္စည်းထုတ်လုပ်ခြင်းသည့် နေရာများတွင် အစဉ်အဆက်အားဖြင့် အမျိုးသားများကသာ နေရာယူထားကြပြီး လက်ရှိကာလအထိ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတွင် ထိုကဲ့သို့  ဆက်လက် တည်ရှိနေမြဲ ဖြစ်သည်။ ကျား-မတန်းတူညီမျှရေး ကဏ္ဍအတွက် ကုမ္ပဏီအနည်းစုကသာ ဦးစားပေးအဖြစ် ကန့်သတ်ချက်ထား လုပ်ဆောင်နေခဲ့သော်လည်း အရေးကြီးသည့် အပိုင်းအဖြစ် တိုးတက်ပြောင်းလဲလာမှုများကို ကျွန်ုပ်တို့ တွေ့မြင်နေကြရပါသည်။ CCPBM တွင်လည်းကျား-မကွာဟမှုကိုသုံးနှစ် စီမံကိန်းချမှတ်ဆောင်ရွက်နေပြီး

ကုမ္ပဏီ၏ တတ်ကြွထက်မြက်သောအမျိုးသမီးများဖြင့် ဖွဲ့စည်းထားပြီးကျား-မတန်းတူအခွင့်အရေးဆိုင်ရာ မဟာဗျုဟာကို ဦးဆောင်လမ်းညွန်သူများနှင့် ဖွဲ့စည်းထားပြီး တတ်ကြွလှုပ်ရှားသည့် အမျိုးသမီးများ၏ ခေါင်းဆောင်မှုဆိုင်ရာ ကောင်စီတစ်ရပ်လည်း ထားရှိထားသည်။ ၂၀၁၅ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် အမျိုးသမီးလုပ်သားဦးရေ ၅၀ ရာခိုင်နှုန်းမျှ ပိုမိုခန့်ထားခဲ့ပြီး နှစ်ကုန်ချိန်တွင် ကျွန်ုပ်တို့ supply chain အဖွဲ့၏ သုံးပုံတစ်ပုံမှာအမျိုးသမီးများ ဖြစ်သည်။ အဆိုပါ အရေအတွက်မှာအားတက်စရာ ဖြစ်နေသော်လည်းဆက်လက် လုပ်ဆောင်ရန် အများအပြားရှိနေသေးသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

အမျိုးသမီးလုပ်သားများ၏ အရည်အသွေးများတိုးမြှင့်ခြင်း နှင့် သူတို့၏ အလုပ်အကိုင်များကို တိုးတက်မြှင့်များရေးအတွက် တွန်းအားပေးခြင်းသည် မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့ လုပ်ငန်းလည်ပတ်မှု၏ အခြေခံဦးစားပေးအချက်ပင် ဖြစ်သည်။ CCPBM ၏ ဖွံ့ဖြိုးရေးအစီအစဉ်များဖြစ်သော‘Achieve Your Best Self’ ‘မိမိကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ယူပါ’ နှင့် ‘Leveraging and Inspiring Female Talent’ (LIFT) ‘အမျိူးသမီးများ၏ ပင်ကိုယ်စွမ်းရည်ကို ဖော်ထုတ်အရောင်းတင်ပေးခြင်း’ တို့သည် အမျိူးသမီးများကို လုပ်ငန်းခွင်တွင်းသူတို့၏ စွမ်းဆောင်ရည် နှင့် ယုံကြည်မှု တည်ဆောက်ခြင်းများကိုမွေးထုတ် ပျိူးထောင်ပေးခြင်းပင် ဖြစ်သည်။ လုပ်ငန်းလည်ပတ်မှု အပြင်ဘက်တွင်လည်း  ကျွနု်ပ်တို့သည် Pact (NGO)နှင့်အတူပူးပေါင်း၍ ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် နိုင်ငံတစ်ဝန်းအတွင်းအမျိူးသမီးများ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ ဖြစ်လာရန် ငွေစုဆောင်းမှုကိုအခြေခံသည့် စီမံကိန်းဖြစ်သောစွမ်းရည် စီမံကိန်းမှ အမျိုးသမီးပေါင်း ၃၇,၀၀၀ ကျော်ကိုစွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်ရွယ်ထားသည်။

 သုတေသီတစ်ဦးကလည်း အမျိုးသမီးများ၏ စွမ်းရည် မြင့်တက်လာမှု နှင့် GDP ဖွံ့ဖြိုးမှုမှာတိုက်ရိုက် ဆက်စပ်မှု ရှိနေပြီးအချိန်နှင့် သက်သေပြခဲ့သည်။ အခြေခံအဆောက်အဦးများနှင့် အတူနေရာတစ်ခုတွင် အခွင့်အလမ်းများ နှင့် မက်လုံးပေးမှုများဖြင့် အမျိူးသမီးများသည် တိုင်းပြည်၏ အနာဂတ်နှင့် တိုင်းပြည်၏ အနာဂတ် မျိူးဆက်သစ်များအတွက် အကြီးမားဆုံးသော တိုးတက်ပြောင်းလဲမှုများကို ဖြစ်စေသည့် ပဲ့ကိုင်များထဲမှ တစ်ခုဖြစ်လာမည် ဖြစ်သည်။

 တမူထူးခြားသော လုပ်သားအင်အားတစ်ခုက စွမ်းဆောင်ရည် မြှင့်မားသည့် လုပ်ငန်းခွင် တစ်ခု ဖြစ်နေမည်မှာ မလွဲအေကန်ပင် ဖြစ်သည်။ မြန်မာနိုင်ငံဈေးကွက်အတွင်းတွင် အခြေချပြီးသော ကုမ္ပဏီများ နှင့် ဝင်ရောက်လာမည့် ကုမ္ပဏီများအနေဖြင့် စီးပွားရေးဝန်းကျင် တလျောက် နှင့် လုပ်သားအင်အားကဏ္ဍတွင်  အပြုသဘောဆောင်သော ပြောင်းလဲမှုများတိုးပွားလာစေရန် စွမ်းဆောင်ပေးနိုင်သည့် အခွင့်အလမ်းများကို သိရှိနားလည်ထားသင့်ပါသည်။ အကျိုးခံစားခွင့်များ၊ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ပေးခြင်းတို့သည် အဓိက အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ရပ်တည်နေလိမ့်မည်ဖြစ်သည်။ ကျား-မ ဖြစ်တည်မှု ပေါ်မူတည်ပြီးဘယ်လို အလုပ်အမျိုးအစား က သင့်တော်သည်ဟူသော သမာရိုးကျ အတွေးအခေါ်များကို ဂရုပြုရန်မလိုပဲ အမျိုးသမီးဝန်ထမ်းများကို အခွင့်အလမ်းပေးခြင်းသည်လည်း အရေးကြီးဆုံးသော လုပ်ဆောင်မှု တစ်ရပ်ဖြစ်ပါသည်။

ကျွနု်ပ်တို့အားလျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော စီးပွားရေးအခြေအနေတွင် အပြောင်းအလဲကို တောင်းဆိုသည်မှာ မစောလွန်းသေးဖူးလားဆိုခြင်း နှင့် CCPBM အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်အတွင်းတွင် ကျား-မအခွင့်အရေးကွာဟမှုကို အမှန်တကယ် ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်နိုင်မည်လားကို မကြာခဏမေးမြန်းခံရလေ့ရှိသည်။ ကျွန်ုပ်ကလည်း ယခုကိစ္စနှင့် ပတ်သတ်၍ အကောင်းမြင်ထားကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံမှ အလုပ်ကြိုးစားပြီး စမတ်ကျသည့် အမျိုးသမီးတွေစုဝေးနေကြသော နေရာမျိုးတွင် ပို၍ပင် ဖြစ်နိုင်ချေများကြာင်း ပြန်လည် ရှင်းပြလေ့ရှိပါသည်။ သို့သော်လည်း ယခုကိစ္စရပ် တိုးတက်ရန်ဆိုသည်မှာ အချိန်တစ်ခု ယူရအုံးမည်ဆိုသည်ကိုလည်း နားလည် လက်ခံထားပါသည်။ မြန်မာအမျိုးသမီးများ အနေဖြင့်လည်း ယခုထက်ပိုသည့် စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွားရန် အသင့်ရှိနေမည်ဟု ယုံကြည်ထားပါသည်။စ

 မာဂရက် စတီးဝပ် သည် Coca-Cola Pinya Beverages Myanmar (CCPBM) မှ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ညွန်ကြားရေးမှုး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly