အမျိုးသမီးများ အခွင့်အရေး တန်းတူရည်တူရှိတိုင်း လုံခြံုမှု အမြဲတစေ ရှိနေခြင်းမဟုတ်

အမျိုးသမီးများ အခွင့်အရေး တန်းတူရည်တူရှိတိုင်း လုံခြံုမှု အမြဲတစေ ရှိနေခြင်းမဟုတ်
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် တွင် ပြုလုပ်ကျင်းပသည့် မြန်မာနိုငံ လူကုန်ကူးမှူ တိုက်ဖျက်ရေးနေ့သို့ တက်ရောက်လာကြသည့် လူငယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ မဇ္ဈိမ

Action Aid ၏ ကမ္ဘာ့လုံးဆိုင်ရာ နိုင်ငံသားပရိုဂရမ်တွင် ပါဝင်သူ အက်ဒါက ဒိန်းမတ်နိုင်ငံ၌ ပညာပေးရေးမှသည် ကာကွယ်ရေးလုပ်ငန်းစဉ်များအထိ လုံခြုံကာကွယ်ရေးပေးမှုများ အများအပြားရှိပြီး ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုများမှ အမျိုးသမီးသားကောင်များကို ကူညီကယ်မနိုင်ရေး အသင့်ရှိသည့် သတင်းကွန်ရက်စနစ်လည်း ရှိကြောင်း ပြောသည်။

“အမျိုးသမီး၊ မိခင်တွေနဲ့ ကလေးငယ်တွေအတွက် သီးသန့် hotlines တွေ ရှိထားတယ်။ ကျွန်မတို့ရဲ့ ပညာရေးစနစ်ကလည်း အတော်ကောင်းတယ်။ ကလေးတွေ မိဘဖြစ်သူတွေကို   ပြောဖို့လိုတာတွေ ပြောတတ်ဖို့ ခွင့်ပြုပေးထားသလို ဘာတွေဖြစ်ပျက်နေတယ်ဆိုတာလည်း သိစေတယ်။ ကျောင်းမှာ အကူအညီတောင်းခံနိုင်တဲ့ အကြံပေးအတိုင်ပင်ခံတွေကိုလည်း ထားထားတယ်။”ဟု အက်ဒါက Mizzima Weekly သို့ ပြောသည်။

အက်ဒါ၏ အယူအဆမှာ လုံခြုံသည် ခံစားရခြင်းဆိုတာက အများသူငါကြား ပျော်ရွှင်စွာနေနိုင်ခြင်းကို ကျော်လွန်ပြီးမှ ရရှိသည် ဆိုသည်။ “ကျွန်မအတွက်တော့ လုံခြုံတယ် ခံစားရတာက တစ်ယောက်ယောက်က ထိခိုက်အောင် လုပ်မှာကို ကြောက်စိတ်မရှိထာဘဲ ကိုယ့်စိတ်ထဲ ရှိတာ ပြောနိုင်တာပါပဲ။ ကျွန်မ ဘာလိုချင်တယ် စိတ်ထဲကအတိုင်း ပြောနိုင်တာ၊ တစ်ခုခုဖြစ်မှာကို ရှောင်ဖို့အတွက် လွှဲပြောရမှာအပေါ် စိုးရိမ်စရာ မလိုတာက လုံခြုံတယ် ခံစားရတယ်။” ဟု အက်ဒါက ပြောသည်။

သို့သော်လည်း ကမ္ဘာ့ပထမတန်းစားဟုပင် အခေါ်ခံရသည့် နိုင်ငံတွင်းမှာပင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများက ကိုင်တွယ်ရာ ခက်ခဲနေဆဲ ပြဿနာဖြစ်နေသည်။ အခြား စကင်ဒီနေးဗီးယန်းနိုင်ငံများနှင့် အတူ ဒိန်းမတ်နိုင်ငံကလည်း နော်ဒစ်ဝိရောဓိ၏ ဖြေရှင်းခက်သော ပြဿနာနှင့် ထိပ်တိုက်တွေ့နေရဆဲ နိုင်ငံဖြစ်သည်။ နော်ဒစ်ဝိရောဓိများဆိုသည်က ကျားမတန်းတူရှိမှု မြင့်မားသော၊ ဝင်ငွေနှင့် အာဏာပိုင်အဖွဲ့အစည်းများတွင် အမျိုးသမီးများ ပါဝင်မှု အချိုး စသည့်တို့ကဲ့သို့ အချက်အလက်များ ကောင်းမွန်သော နိုင်ငံများမှာပင် ရင်ဆိုင်နေရဆဲ ပြဿနာဖြစ်ရပ်ဖြစ်စဉ်တစ်ရပ်ဖြစ်သော အမျိုးသမီးများ ကျုးလွန်ခံနေရသည့် အိမ်တွင်းအကြမ်းဖက်မှု (Intimate Partner Violence – IPV ) မြင့်မားနေခြင်းကို ဆိုလိုသည်။

ရိုးရိုးရှင်းရှင်းဆိုရလျှင် အမျိုးသမီးများတွင် ပိုမိုကောင်းမွန်သော အနေအထားရှိမှ ဖြစ်နိုင်သော အကြမ်းဖက်မှုနှုန်း ကျဆင်းခြင်းသည်  ဖွံ့ဖြိုးပြီး နော်ဒစ်နိုင်ငံများ၌ ဖြစ်တည်နေလိမ့်မည်ဟု ထင်ထားကြပါမည်။ သို့သော် အမှန်မှာ နော်ဒစ်နိုင်ငံများ၏ အလားအလာက IPV သို့မဟုတ် အမျိုးသမီးများ အကြမ်းဖက်ခံရမှုသည် အမြင့်နှုန်းထားတွင် ရှိနေပြီး ပေါ်တူဂီ၊ အီတလီနှင့် ဂရိနိုင်ငံများကဲ့သို့သော တိုင်းပြည်များထက်ပင် ကိုးမှ ၁၄ ရာခိုင်နှုန်းအထိ မြင့်မားနေသည်။

ထိုဖြစ်ပေါ်နေသည့် ဝိရောဓိအရ ကျားမတန်းတူမှု ပိုမိုရှိနေသည့် နိုင်ငံများအတွင်း လိင်အကြမ်းဖက်မှုများအကြောင်း အခြေခံအခွင့်အရေးများဆိုင်ရာ ဥရောပသမဂ္ဂအေဂျင်စီ၏ သုတေသနပြုလုပ်ချက်တစ်ရပ်အရ ဖော်ပြထားသည်မှာ ဥရောပအမျိုးသမီးများ၏ ပျမ်းမျှ ၂၀ ရာခိုင်နှုန်း၊ ယင်းတွင် ဒိန်းမတ်နှင့် ဖင်လန်နိုင်ငံတို့က ၁၀ ရာခိုင်နှုန်းနှင့် ဆွီဒင်က ၁၇ ရာခိုင်နှုန်း IPA အိမ်တွင်းအကြမ်းဖက်ခံရကြောင်း သိရသည်။

အခြားသော သုတေသနများက ဖြစ်နိုင်ဖွယ်ရှိသော အရင်းခံအကြောင်းကို ယူဆရာတွင် ရိုးရာဓလေ့စွဲ လိင်ပိုင်းဆိုင်ရာ နောက်ခံအကြောင်းအရာနှင့် ခေတ်သစ်လိင်တန်းတူဖြစ်မှု သဘောထားတို့ ထိတွေ့ပွတ်တိုက်ခြင်း ဖြစ်နိုင်ကြောင်း အကြံပြုထားသည်။ အက်ဒါကလည်း ထိုအယူအဆကို သဘောတူပြီး “တစ်ချို့ယောက်ကျားတွေမှာ သူတို့ကပဲ လုပ်ပိုင်ခွင့်အာဏာ ရှိနေဆဲလို့ စိတ်အခံတွေ ရှိထားနေဆဲဖြစ်တယ်။ ဒါကြောင့် မိန်းမများကို ရှုမြင်ရာမှာ ရိုသေနာခံတတ်မှု မရှိတဲ့ မိန်းမများကိုဆိုရင် သူတို့အတွက် အမျက်ဒေါသတွေ ထွက်ရတာပဲဖြစ်တယ်။ ဒီအကြောင်းခံကြောင့် ဖြစ်နိုင်တယ်။”ဟုပြောသည်။

ကျားမတန်းတူရှိသည်ဟု အထင်ရှိရသော နိုင်ငံများတွင် အမျိုးသမီးများအပေါ် ရင်းချာသော သူများ၏ အကြမ်းဖက်မှုများ ဆက်လက်ရှိနေခြင်းက လိင်မျှတတူညီမှုကို ဖော်ဆောင်လည်း အခွင့်အရေးတန်းတူပေးထားရာတွင်ပင် ရပ်တန့်မသွားဘဲရှိနေဆဲဖြစ်သည်ကို လှစ်ဟလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags