မြေယာအခွင့်အရေးများ ပြန်လည်ရရှိရေး ဆောင်ရွက်ရန် တောင်သူလယ် သမားများသမဂ္ဂဖွဲ့စည်း

မြေယာအခွင့်အရေးများ ပြန်လည်ရရှိရေး ဆောင်ရွက်ရန် တောင်သူလယ် သမားများသမဂ္ဂဖွဲ့စည်း
တောင်သူ လယ်သမားများသမဂ္ဂ ဆိုင်းဘုတ်တင်ပွဲကို သြဂုတ် ၁၀ တွင် ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ- ဇော်နီ

မြိတ်၊ သြဂုတ်- ၁၀ ။              ။ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ဆုံးရှုံး နေမှုများကို ပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် တောင်သူလယ်သမားများ သမဂ္ဂကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မြိတ်မြို့နယ် တောင်သူလယ် သမားများသမဂ္ဂ ဥက္ကဌ ဦးမျိုးဆွေက သြဂုတ် (၁၀)ရက်တွင် ပြောသည်။

အဆိုပါ သမဂ္ဂကို ဇူလိုင်(၂၆)ရက်တွင် အဖွဲ့ဝင် (၃၉)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သမဂ္ဂအနေဖြင့် တောင် သူ လယ်သမားများ၏ ထိုက်သင့်သည့် အခွင့်အရေးများကို ပြန်လည်ရရှိအောင် အဓိက လုပ်ဆောင်ပေးသွားရန် ရည် ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဥက္ကဌ၏ ပြောဆိုချက်အရ သိရသည်။

“တောင်သူတွေ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိအောင် မရရှိနိုင်သေးတဲ့အခွင့်အရေးတွေကို ရရှိလာအောင်၊ ထိုက်သင့်တဲ့ အခွင့်အရေးတွေရရှိအောင် အဓိကကတော့ တောင်သူလယ်သမား အကျိုးကို ဆောင်ရမယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဆုံးရှုံးနေတဲ့ အရာတွေကိုပြန် လည်ဖော်ထုတ်ပေးမယ်။ မရသေးတာတွေကို လှမ်းပြီးတောင်းပေးမယ်” ဟု ဦးမျိုးဆွေက ပြောသည်။

လက်ရှိတွင် မြေယာနှင့်ပတ်သက်သည့် အမှုတွဲသုံးခုအဖြစ် မြိတ်မြို့ရှိ တောင်သူ(၂၃)ဦး၏ ဆုံးရှုံး မြေဧက (၄၂၀)၊ တောင်သူလယ်သမား(၃၃)ဦး၏ မြေဧက(၁၇၀)အသိမ်းခံထားရခြင်းများနှင့် အခြားတောင်သူ များ၏ လယ်(၂၅)ဧက တို့နှင့် ပတ်သက်သည့် မြေယာ ပြဿနာများကို နိုင်ငံတော် ဒုတိယသမ္မတဦးဗန်ထီးယူနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

သမဂ္ဂအနေဖြင့် လစဉ်ကြေးအဖြစ် အလှူငွေ တစ်ဦး(၅၀၀၀)ကျပ် သို့မဟုတ် (၃၀၀၀) ကျပ် စေတနာအရ လှူဒါန်း ထည့်ဝင်နိုင်ပြီး ဘာသာရေး၊လူမှုရေး၊လှူရေးတန်းရေး ပေါ်ပေါက်ခဲ့ ပါက အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ရှင်း တမ်းများဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ သမဂ္ဂတွင် အဖွဲ့ဝင်အင်အား (၁၀၀)ကျော်ခန့်ရှိနေပြီဖြစ်ကာ သမဂ္ဂအနေဖြင့် မည်သည့်ပါတီ၊ မည်သည့်အဖွ့ဲ၏ သြဇာခံမဟုတ်ဘဲ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly