မန်ယူအသင်း မပါလျှင်ချန်ပီယံလိဂ်မှာ အနှစ်သာရမရှိဟု မော်ရင်ဟိုပြော

မန်ယူအသင်း မပါလျှင်ချန်ပီယံလိဂ်မှာ အနှစ်သာရမရှိဟု မော်ရင်ဟိုပြော

သြဂုတ် ၁၀၊ မန်ချက်စတာ။              ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းမပါလျှင်အနှစ်သာရမရှိသောကြောင့် ၎င်း၏ အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပြန်လာရန်ကြိုးပမ်းမည်ဟု ပြောဆိုလိုက်သည်။

ဥရောပချန်ပီယံသုံးကြိမ်ရထားသည့် ယူနိုက်တက်အသင်းသည် သုံးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လွဲချော်ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီ နည်းပြဗန်ဟားလ်လက်ထက်အဆင့် ၅ သာရသဖြင့် ယူနိုက်တက်အနေဖြင့် ၂၀၁၆-၁၇ ရာသီတွင် အာဆင်နယ်၊ စပါး၊ လက်စတာနှင့် မန်စီးတီးအသင်းတို့၏ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်နေပုံများကိုသာ ကြည့်နေရမည်ဖြစ်သည်။

ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် လက်စတာကိုအနိုင်ယူပြီး မန်ယူနှင့်ပထမဆုံးဆုတံဆိပ်တစ်ခုရရှိခဲ့သည့် မော်ရင်ဟိုက ယူနိုက်တက် အနေဖြင့် ပုံမှန်ဝင်ပြိုင်နေကျချန်ပီယံလိဂ်ပြိုင်ပွဲသို့   ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လိုသည်ဟု ဆိုသည်။

“ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ကစားရဖို့လိုတယ်။ ယူနိုက်တက်မရှိရင် ချန်ပီယံလိဂ်က အခွံချည်းပဲလို့ ကျွန်တော်ထင်တယ်။ ယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့မပါတဲ့ ချန်ပီယံလိဂ်ကိုမြင်ယောင်ကြည့်ပါ။

အဲဒီအသင်းတွေမပါဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမဖြစ်စေပါဘူး။ ဒီပြိုင်ပွဲဟာ ယူနိုက်တက်အတွက် နေရာမှန်တစ်ခုပါပဲ”ဟု မော်ရင်ဟိုက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly