နှစ်နိုင်ငံအကြား ယိုယွင်းနေခဲ့သော ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် တူရကီသမ္မတ ရုရှသို့ သွားရောက်

နှစ်နိုင်ငံအကြား ယိုယွင်းနေခဲ့သော ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် တူရကီသမ္မတ ရုရှသို့ သွားရောက်

သြဂုတ် ၉ ။         ။ နှစ်နိုင်ငံအကြား ယိုယွင်းနေခဲ့သော ဆက်ဆံရေးပိုင်းကို ပြန်လည်ထူထောင်နိုင်ရန်အတွက် တူရကီ သမ္မတ ရီဆက်ပ်တေယစ်ပ် အာဒိုဂန်သည်  သြဂုတ်လ ၉ ရက်က ရုရှနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ၎င်းမှာ သြဂုတ်လ ၉ ရက်တွင်ပင် စိန့်ပီတာစဘာ့ဂ်မြို့သို့ သွားရောက်ပြီး ရုရှ သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံ စကားပြောမည်ဖြစ်သည်။

ယခု ခရီးစဉ်သည် နိုင်ငံတွင် အထမမြောက်ခဲ့သည့် အာဏာသိမ်းရန် ကြံစည်မှုဖြစ်စဉ်နောက်ပိုင်း သမ္မတာအာဒိုဂန်၏ ပထမဆုံးသော နိုင်ငံခြား ခရီးစဉ်လည်းဖြစ်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဆီးရီးယားနယ်စပ်တွင် ရုရှစစ်လေယာဉ်တစ်စီးကို တူရကီဘက်က ပစ်ချခဲ့သည့်ဖြစ်စဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် ကျဲတောက်ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်။

သမ္မတ အာဒိုဂန်သည် တူရကီမှ မထွက်ခွာမီက ရုရှသမ္မတ ပူတင်မှာ ၎င်း၏ မိတ်ဆွေတစ်ဦးဖြစ်ကြောင်းနှင့် ရုရှ နှင့် ဆက်ဆံရေးပိုင်းတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုသည့်ဆန္ဒရှိနေကြောင်း ပြောကြားထားခဲ့သည်။

ယခင်က မဟာဗျူဟာကျ လက်တွဲဘက်နိုင်ငံများဟု အချင်းချင်း သတ်မှတ်ထားခဲ့ကြသည့် တူရကီနှင့် ရုရှ တို့မှာ လေယာဉ်ပစ်ချခံရမှုဖြစ်စဉ်နောက်ပိုင်း ခုနစ်လတာနီးပါးကြာ ဆက်ဆံရေးပိုင်း ကျဲတောက်သွားခဲ့ပြီး ရုရှဘက်မှ တူရကီ၏ ရောင်းကုန်တစ်ချို့အား ပိတ်ပင်ခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း စသည်တို့ကို ချမှတ်လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly