ထိုင်းစစ်တပ်ရေးဆွဲသည့် ဖွဲ့စည်းပုံဥပဒေ အတည်ပြု

ထိုင်းစစ်တပ်ရေးဆွဲသည့် ဖွဲ့စည်းပုံဥပဒေ အတည်ပြု

ဘန်ကောက်၊ သြဂုတ် ၈ ။                 ။ ထိုင်းနိုင်ငံတွင် စစ်တပ်ခန့်အပ်သည့် ကော်မတီက ရေးဆွဲသော ဖွဲ့စည်းပုံဥပဒေအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အများစုထောက်ခံမဲရကာ    အတည်ပြုလိုက်သည်။

တရားဝင်ထုတ်ပြန်သေးခြင်းမရှိသည့် မဲရလဒ်တွင် ထောက်ခံမဲ ၆၁ ဒဿမ ၄၅ မဲ ရရှိသည်။

ဖွဲ့စည်းပုံဥပဒေဟောင်းအား စစ်တပ်က ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အာဏာသိမ်းပြီးနောက် ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ယခုစစ်တပ်ရေးဆွဲသည့် ဖွဲ့စည်းပုံကို ထောက်ခံသူများက တည်ငြိမ်မှုကို ပြန်ထိန်းနိုင်မည်ဟု ပြောကြသော်လည်း ဝေဖန်သူများက စစ်တပ်ကို ပို၍ အာဏာပေးသော ဖွဲ့စည်းပုံဖြစ်သည်ဟု ပြောဆိုသည်။

အကယ်၍ ယခုဖွဲ့စည်းပုံသစ်ကို ပြည်သူ့ဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ပါက ဒီမိုကရေစီပြည့်ဝသောနိုင်ငံသို့ ပြန်လည် ခြေလှမ်းခြင်း အဓိကစတင်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းစစ်အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags