ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဓနုဖြူမြို့ရှိ လူဦးရေ ငါးထောင်နီးပါးခန့် အစာရေစာနှင့် နေရာအခက်အခဲရှိနေ

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဓနုဖြူမြို့ရှိ လူဦးရေ ငါးထောင်နီးပါးခန့် အစာရေစာနှင့် နေရာအခက်အခဲရှိနေ
ဓါတ်ပုံ - အောင်ကျင်စိန်
 

ရန်ကုန်၊ သြဂုတ် ၆ ။         ၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ နေအိမ်နှင့် အဆောက် အဦးများ ရေနှစ်မြုပ်ခဲ့ပြီး လူဦးရေ ငါးထောင်နီးပါးခန့် ကယ်ဆယ်ရေးစခန်း များတွင်နေထိုင်နေရကြောင်း အရှေ့တောင် ပြည်သူ့ဘဝ တိုးတက်မြင့်မားရေးအသင်း ဥက္ကဌ ဦးအောင်ကျင်စိန်ထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် ဓနုဖြူမြို့နယ်အတွင်း သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ မြစ်ရေမြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင် ဓနုဖြူမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီ  ဖြစ်သည်။

မြစ်ရေမြင့်တက်မှုကြာင့် ပြောင်းရွှေ့လာသူများအတွက် ဘုန်းကြီးကျောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဓမ္မာရုံးများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး အလှူရှင်များက လာရောက်ကျွေးမွေး လျှက်ရှိသည်။

“ကယ်ဆယ်ရေးစခန်းဖွင့် လှစ်ပေးထားပါတယ်။ ကျန်းမာရေးစောက်ရှောက်မှုအနေနဲ့ သူနာပြူများနှင့်ပူးပေါင်းကာ ဆေး ဝါးများနှင့် ရေသန့်ဆေးများကို ကယ်ဆယ်ရေးစခန်း တစ်ခုချင်းစီကို လိုက်လံဝေငှပေးထားပါတယ် လို့” ဓနု ဖြူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူ က မဇ္ဈိမကို ပြောသည်။

အရှေ့တောင် ပြည်သူ့ဘဝတိုးတက်မြင့်မားရေးအသင်းရဲ့ ဥက္ကဌ ဦးအောင်ကျင်စိန် က “ အခုချိန်မှာ အလှူရှင်တွေရဲ့ ဘတ်ဂျက်ကလည်း နည်းနေပီ၊ လက်ရှိစားဖို့ သောက်ဖို့ သားငါးတွေ လိုအပ်နေပါတယ်။ ကြိုတင်ပြင်ဆင်ထား တာ မရှိတော့ အိမ်သာတွေ လုံလုံလောက်လောက်မရှိဘူး၊ အိမ်သာတစ်လုံးဘဲ့ ရှိတာကို လူ ရာချီသုံးနေရတော့ ညစ်ပတ် တာပေါ နေထိုင်ရတဲ့နေရာကလည်း အဆင်မပြေ ဖြစ်နေပါတယ်” လို့ မဇ္ဈိမကို ပြောပါသည်။

လက်ရှိတွင် အိမ်ထောင်စု ၂၉၀၀ ခန့် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရပြီး၊ အခြေံပညာ မူလတန်းကျောင်း ၄ ကျောင်း ကိုလည်း ပိတ်ထားရကြောင်း သိရသည်။

ဓနုဖြူမြို့၏ စိုးရိမ်ရေအမှတ်သည် ၂၇ ပေ ဖြစ်ပြီး လက်ရှိတွင် ၃၁.၉ပေ ထိရောက်ရှိနေပြီး မြစ်ရေဆက်လက်မြင့် တက် လာပါက ကယ်ဆယ်ရေးစခန်းမျာတွင် လူဦးရေ တိုးလာနိုင်သောကြောင့် ကျန်းမာရေးပြသာနာများအတွက် စိုးရိမ် နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly