ဆင်းရဲနွမ်းပါးမှု ကိုင်တွယ်ဖြေရှင်းဖို့ ဆိုတာကို ဖုံးကွယ်မထားသင့်ပါဘူး

ဆင်းရဲနွမ်းပါးမှု ကိုင်တွယ်ဖြေရှင်းဖို့ ဆိုတာကို ဖုံးကွယ်မထားသင့်ပါဘူး

(မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ဒါရိုက်တာနှင့် မေးမြန်းခြင်း)

ဆင်းရဲနွမ်းပါးမှု လျှော့ချမှုပိုင်းမှာ ပြည်တွင်းနဲ့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ပါဝင်ကူညီပေးနိုင်ပါမလဲ?

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့၊တိုက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ ပြည်တွင်းနဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့လည်း အလုပ်အကိုင်ခန့်ထားပေးမှု၊ လေ့ကျင့်သင်ကြားပေးမှု နဲ့ ထောက်ပံ့ကူညီမှုတွေ စတာမျိုးတွေနဲ့ ပါဝင် လုပ်ကိုင်ပေးလု့ိ ရနိုင်ပါတယ်။ တစ်ဘက်မှာလည်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရေတို သက်သာချောင်ချိရေး စီမံကိန်းတွေရော ရေရှည် စီမံချက်တွေပါ ချမှတ်ကူညီလုပ်ဆောင်ပေးလာကြတာကို ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ထားရပါတယ်။

ဒါပေမယ့်လည်း အခြားတစ်ဘက်က ကြည့်ရင်တော့ ဒီလိုမျိုး စီမံချက်တွေကို ဘယ်လောက်အတိုင်းအတာထိ ထိထိရောက်ရောက် လုပ်ပေးနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ခြုံကြည့်မယ်ဆိုရင်လည်း လက်ရှိ နိုင်ငံဟာ ရာစုနှစ်ထက်ဝက်နီးပါးလောက်က ညံ့ဖျင်းတဲ့ စီးပွားရေး စီမံခန့်ခွဲမှု စနစ်အောက်မှာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ အောက်ဖော်ပြရာ အင်တာဗျူးမှာတော့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business) က ဒါရိုက်တာ Vicky Bowman က လက်ရှိ မြန်မာနိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍတွေမှာ စီးပွားရေး လုပ်ငန်းတွေဘက်က ပါဝင် လုပ်ဆောင်ပေးနိုင်တဲ့ အပိုင်းနဲ့ပတ်သက်လို့ ရှင်းပြသွားပါတယ်။

မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍမှာ ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီလုပ်ငန်းတွေက သူတို့ရဲ့ ပူးပေါင်း လူမှုတာဝန်ခံမှု CSR လို့ခေါ်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ဘယ်လိုမျိုး ကူညီလုပ်ဆောင်ပေးနိုင်ပါသလဲ?

ယေဘုယျအားဖြင့် ပြောရရင်တော့ အနောက် နိုင်ငံတွေကလူတွေက ဒီလိုမျိုး CSR တို့ MCRB တို့လို အသုံးအနှုန်းမျိုးကို မသုံးကြပါဘူး၊ ဒီစကားစုတွေအပေါ်မှာ လူတွေ နားလည် သဘောပေါက်ပုံခြင်း မတူကြပါဘူး၊ အခြေခံကျတဲ့ လိုက်လျော ဆောင်ရွက်ပေးမှု ဆိုတာမျိုးကနေစပြီးတော့ တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ဆောင်မှု၊ လူအသိုက်အဝန်းအတွက် ရင်းနှီးမြုှပ်နှံမှု၊ အများအကျိုးထမ်းဆောင်မှု၊ အားလုံး ဝိုင်းဝန်းလုပ်ဆောင်မှု စသလိုမျိုး နားလည်သဘောပေါက် ကြပါလိမ့်မယ်။

Charities Aid Foundation ရဲ့ ထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရက်ရောဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် ဒီနိုင်ငံမှာ ငွေကြေးစီးပွားရေဘက်က ကြည့်ရင် အများအကျိုးအတွက် ထည့်ဝင် ကူညီလှူဒါန်းတဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။

ပညာရေးပိုင်းမှာ ထောက်ပံ့ကူညီမှု အစီအစဉ်တွေလိုမျိုး၊ ရေဘေးလို သဘာဝဘေးကပ်ဆိုးတွေကျရောက်လာချိန်မှာ ငွေကြေးအရ ကူညီတာမျိုးပါ၊ ဒီလိုနေရာတွေမှာ ပိုက်ဆံချမ်းသာသူတွေနဲ့ အလုပ်သမားတွေကို ချိတ်ဆက် ပေးလိုက်တာပါပဲ။ ဒါပေမယ့် အဲဒါမျိုး လုပ်ဆောင်မှုတွေက တန်ဖိုးတစ်ခုကို ဝေမျှတာမျိုးတော့ မဖြစ်သေးပါဘူး။

ယနေ့ခေတ်ကာလမှာဆိုရင်လည်း အရင်တုန်းကထက် ပိုပြီးတော့ ခေတ်မီတဲ့ နည်းလမ်းတွေကို ကျင့်သုံးလာနေပြီဖြစ်တဲ့ ကုမ္ပဏီတွေဟာလည်း စံတန်ဖိုးမျှတဲ့ ရှုထောင့်ကနေကြည့်ပြီးတော့ သူတု့ိရဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် လူမှုဝန်းကျင်ပိုင်းအတွက် ရင်းနှီးမြုှပ်နှံပေးမှုတွေကို လုပ်ဆောင်လာကြပါပြီ။

လူမှုဆိုင်ရာ ပြဿနာကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းမလဲနိုင်မယ့် လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်မလဲဆိုတာ သူတို့ စဉ်းစားလာကြပါပြီ။ ဥပမာ ထုတ်ပြောရမယ်ဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ ထူထောင်ထားပြီး ကုမ္ပဏီကြီးတွေကို မရွေးဘဲ ပြည်တွင်းက အသေးစားနဲ့အလတ်စားလုပ်ငန်းလေးတွေကို အမှန်တကယ် တိုးတက်စေနိုင်ဖို့ အများအပြား ရင်းနှီးမြုှပ်နှံ ပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေ၊ ဆင်းရဲနွမ်းပါးသူတွေအတွက် ဘဏ်လုပ်ငန်းနဲ့ထိတွေ့နိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ နိုင်ငံခြား ဘဏ္ဍာရေးလုပ်ငန်း ကုမ္ပဏီကြီးတွေကို မြင်နိုင်ပါလိမ့်မယ်။

တစ်ခြား ထင်သာမြင်သာရှိမယ့် ဥပမာမျိုးတွေရော ပြောပြလို့ ရနိုင်မလား?

Unilever ကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံမှာ စံတန်ဖိုးမျှပေးနိုင်တဲ့ ဥပမာနှစ်ခု ရှိထားပါတယ်။ တစ်ခုကတော့ ကျောင်းတွေမှာ လက်ဆေးတာနဲ့ သွားတိုက်တာ အစီအစဉ်တွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်၊ ဒီလို လုပ်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ ကျန်းမာရေးပိုင်းကို ပိုမိုကောင်းမွန်သွားစေနိုင်သလို ကုမ္ပဏီရဲ့ လုပ်ငန်းစီမံချက်အတွက်လည်း ဈေးကွက်တစ်ခု တည်ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်၊ နောက်တစ်ခုကတော့ ပူပြင်းခြောက်သွေ့တဲ့ဒေသတွေက ကြံတွေကို ဝယ်ယူတာမျိုးပါ၊

အဲဒါက အင်ဒိုနီးရှားမှာရှိတဲ့ သူ့ရဲ့ ပဲနှစ် စက်ရုံတွေကို တင်ပို့ပေးဖို့ပါပဲ၊ အဲဒီမှာဆိုရင်လည်း သူတို့ဟာ Action Aid နဲ့ ပူးပေါင်းပြီးတော့ ပူးပြင်းခြောက်သွေ့တဲ့ ဒေသတွေက တောင်သူတွေဆီက ကြံတွေကိုလည်း ဝယ်ယူ ထားပေးနေပါတယ်။ အထက်ပါ ကိစ္စနှစ်ခုစလုံးကို ကြည့်ရင် သူတို့တွေဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ဆောင်ချက်တွေကို သူတို့ရဲ့ စီးပွားရေးလုပ်ဆောင်မှု ပုံစံထဲမှာကို မြုှပ်နှံထားတာတွေ့ရပါလိမ့်မယ်။

ဒီလိုမျိုးလုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာမယ်ဆိုရင် လုပ်ငန်းတွေအနေနဲ့ လျင်လျင်မြန်မြန် တုန့်ပြန်လုပ်ဆောင်မှု (ဥပမာအနေနဲ့ ဘဘာဝဘေးတစ်ခုကျရောက်ချိန် ကူညီကယ်ဆယ်ရေးပေးမှု) ဒါမှမဟုတ် ရေရှည်ဖြေရှင်းချက်တွေအပေါ်မှာ ဘယ်လောက်အလေးထားသလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

အဲဒီမှာ ကွဲပြားမှုတွေတော့ရှိပါတယ်။

ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အနောက်နိုင်ငံသား အများစုဟာ ရေရှည် ဖြေရှင်းချက် နည်းလမ်းတွေအပေါ်မှာ စဉ်းစား လုပ်ဆောင်တဲ့အတွှေ့အကြုံက များပါတယ်။ အဲဒါကလည်း တွေ့လာခဲ့တဲ့အမှားတွေအပေါ် သင်ခန်းစာယူပြီး ဘယ်လိုမျိုးအကောင်းဆုံးချဉ်းကပ်လုပ်ဆောင်မလဲဆိုပြီး စဉ်းစားလုပ်ဆောင်ခဲ့ကြတာပါ၊

ဒါပေမယ့်လည်း သဘာ၀ ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာဆိုရင် ကုမ္ပဏီအများစုဟာ ဒီကိစ္စကို ဘယ်လိုမျိုး တုန့်ပြန်ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေရ့ ကူညီချင်စိတ်ကို ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတာ စဉ်းစားရမှာပါပဲ။ ဒီနေရာမှာ လုပ်ဆောင်ချက်တွေကို ထိရောက်စေဖို့နဲ့ ထိခိုက်နစ်နာမှု မရှိဖို့လုပ်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အကူအညီပေးရေး အဖွဲ့တွေနဲ့ အတူလက်တွဲလုပ်ဖို့ လိုသလို သင်ယူတတ်ဖို့လည်း လိုပါလိမ့်မယ်။

ဆင်းရဲနွမ်းပါးမှု ကိစ္စက မြန်မာနိုင်ငံမှာ အဓိက စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်၊ နိုင်ငံဟာဆိုရင်လည်း ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်ပုံမှားယွင်းခဲ့ပြီးမှ ခုမှ ပြန်လည်ဖွံ့ဖြိုးလာတာ မကြာသေးပါဘူး။ ဒီလိုအချိန်မှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစိန်ခေါ်မှုအကျိုးဆက်တွေကို ထိထိရောက်ရောက် ကူညီဖြေရှင်းပေးနိုင်မလား?

လုပ်ငန်းတွေအနေနဲ့ ဆင်းရဲနွမ်းပါးမှုကို အထိရောက်ဆုံးအတိုင်းအတာနဲ့ ကူညီလျှော့ချပေးနိုင်ပါတယ်၊ သင့်တော်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးတာမျိုး၊ ပေးဆောင်ရမယ့် အခွန်အခတွေ ပေးတာမျိုးနဲ့ပေါ့။ ပြီးတော့ ဒီလိုမျိုး လုပ်တဲ့နေရာမှာ အဆင်ပြေချောမွေ့စေဖို့ အစိုးရဘက်ကလည်း လုပ်ဆောင်ပေးဖို့လိုပါလိမ့်မယ်။ ရင်းနှီးမြုှပ်နှံမှုတွေကို အားပေးနိုင်မယ့်၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု စည်းမျဉ်းတွေကို အသက်ဝင်စေနိုင်မယ့် သင့်တော် ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေဘက်ကလည်း ကိုယ့်ရဲ့မူလ ရည်မှန်းချက်ပန်းတိုင်ဟာ ဆင်းရဲနွမ်းပါးမှု ကိုင်တွယ်ဖြေရှင်းဖို့ ဆိုတာကို ဖုံးကွယ်မထားသင့်ပါဘူး။ ဒါပေမယ့် တစ်ချို့လုပ်ငန်းတွေအတွက်ကတော့ ဒါဟာ ဘေးထွက်ဆိုးကျိုးတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။

လျင်လျင်မြန်မြန် တုန့်ပြန်ဖြေရှင်းမှု နဲ့ ရေရှည် ဖြေရှင်းချက်ထားရှိမှု ဆိုတာတွေနဲ့ပတ်သက်လို့ မြန်မာပြည်သူတွေကိုလည်း သူတို့ဘာသာလုပ်ဆောင်နိုင်အောင် စီးပွားရေးလုပ်ငန်းတွေဘက်က ဘယ်လောက်များများ တွန်းအားပေးနိုင်မလဲ? ဥပမာလေးများရှိရင် ပြောပေးပါဦး။

Heineken  ၊ Coke ၊ Telenor နဲ့ Wanbao တို့ဟာဆိုရင် ပြည်တွင်းက SMEs တွေရဲ့ စံနှုန်းတွေကို တိုးမြင့်နိုင်အောင်နဲ့ တစ်ခြား ကုမ္ပဏီတွေအတွက် ယုံကြည်စိတ်ချရတဲ့ ထောက်ပံ့သူတွေဖြစ်လာအောင် လှုံ့ဆော်လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီအနည်းစုဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေထဲက တစ်ချို့ဟာဆိုရင် Business Markets အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ထားကြပါတယ်။ BM ဟာဆိုရင် အရင်ကတည်းက အကူအညီပေးရေးအစီအစဉ်ေျွှွအတွက် စာချုပ်တွေ ရယူချုပ်ဆိုနိုင်အောင် ပြည်တွင်း SMEs တွေကို ကူညီပေးထားဖူးပါတယ်။

ရေနံနဲ့ ဓါတ်ငွေ့ ကုမ္ပဏီတွေဟာဆိုရင်လည်း ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ပေးသွင်းနိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ ပြည်တွင်းကုမ္ပဏီတွေ ထူထောင်တာ၊ ဝန်ထမ်းသစ်ခေါ်ယူတာ၊ ပြည်တွင်းက ဝန်ထမ်းတွေကို အရည်အချင်း မြှင့်တင်ပေးတာ ဟာ ကုမ္ပဏီတစ်ခု လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံး ရင်းနှီးမြုှပ်နံှမှုပါပဲ။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ CSR တွေ ထိရောက်ပေါက်ရောက်နိုင်ဖို့ ဘာတွေကို အလေးထားသင့်ပါသလဲ?

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြည်တွင်းက ဦးစားပေးအရာတွေကို သိရှိနားလည်ဖို့လိုပါတယ်၊ ဒီနေရာမှာ ပြည်တွင်းက တာဝန်ရှိအဖွဲ့တွေနဲ့ စကားပြောဆိုရပါလိမ့်မယ်။ ကုမ္ပဏီတစ်ခုအတွက် ဘယ်လိုကိစ္စရပ်မျိုးကို ကိုင်တွယ် ဖြေရှင်းပေးဖို့လိုမလဲ ဆိုတာနဲ့ အစိုးရရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့  ရှင်းရှင်းလင်းလင်း သိထားရပါလိမ့်မယ်။ အခြေခံအဆောက်အအုံလုပ်ငန်းထဲမှာဆိုရင် လမ်းဖောက်လုပ်မယ့် ကုမ္ပဏီတွေဆိုရင် ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ လုပ်ဆောင်သင့်ပါတယ်။

အလားတူ လျှပ်စစ်နဲ့ ရေဖြန့်ဖြူးရေးလုပ်ငန်းပိုင်းမှာဆိုရင်လည်း တကယ်တမ်း ပြည်တွင်းက လူ့အဖွဲ့အစည်းတွေ လိုအပ်တာနဲ့ ကိုက်ညီမှု ရှိနိုင်ဖု့ိ စဉ်းစားလုပ်ဆောင်ရမှာဖြစ်ပါတယ်။ လုပ်ငန်း လုပ်ဆောင်တဲ့ နေရာမှာ ပညာရေးနဲ့ ကျန်းမာရေးထောက်ပံ့မှုလိုမျိုး လူမှု ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လစ်ဟာကွက်တွေကို ကုမ္ပဏီတွေဘက်က ဖြည့်ဆည်းပေးသင့်ပါတယ်။ ဥပမာအနေနဲ့ လုပ်ငန်းလုပ်မယ့်ဒေသမှာ ငှက်ဖျားရောဂါပိုးရှိနေမယ်ဆိုရင် အဲဒါကို တိုက်ဖျက်လိုက်တာက လုပ်သားဝန်ထမ်းတွေကို မကူးစက်စေနိုင်တော့သလို ကုမ္ပဏီအတွက်လည်း သက်ရောက်မှုရှိတော့မှာမဟုတ်ပါဘူး။

နောက်ပြီး ပြည်တွင်းကလူတွေကို လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့်လည်း သူတို့တွေကို လုပ်ငန်းပိုင်းမှာ ကျွမ်းကျင်တတ်မြောက်သွားစေပါလိမ့်မယ်။ လူ့အဖွဲ့အစည်းတွေကိုလည်း အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးလိုမျိုးကိစ္စတွေမှာ ကုမ္ပဏီအပေါ် အလွန်အမင်းမှီခိုအားထားတာမျိုးမဖြစ်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့လည်း ဝိုင်းဝန်းအားထုတ် လုပ်ဆောင်ပေးဖို့ လိုပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly