လက်စတာအသင်းသားများကို အသင်းပိုင်ရှင်မှ BMW ကားများ လက်ဆောင်ပေး

လက်စတာအသင်းသားများကို အသင်းပိုင်ရှင်မှ BMW ကားများ လက်ဆောင်ပေး

သြဂုတ် ၆၊ အင်္ဂလန်  ။                ။  ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ရရှိခဲ့သောကြောင့် ဂုဏ်ပြုသည့်အနေဖြင့် လက်စတာအသင်းပိုင်ရှင်က အသင်းသားများကို BMW ကားများ လက်ဆောင်ပေးအပ်ခဲ့သည်။

အပြာရောင် BMW I8s စူပါကားများသည် တစ်စီးလျှင် ပေါင် ၁၀၅၀၀၀ တန်ဖိုးရှိပြီး ၁၉ စီးစာအတွက် ပေါင် ၂ သန်းကုန်ကျခဲ့သည်။ ချန်ပီယံလက်စတာအသင်းတွင် ပါဝင်ခဲ့သည့် ကစားသမား ၂၄ ဦးတွင် ချယ်လ်ဆီးသို့ပြောင်းရွှေ့သွားသည့် ကန်တီအပါအဝင် ကစားသမားလေးဦးမှာ လက်ဆောင်ပေးသည့်အထဲတွင် မပါဝင်ခဲ့ပေ။

ထိုင်းစီးပွားရေးလုပ်ငန်းရှင် လက်စတာအသင်းပိုင်ရှင် ဗီချိုင်းဆရီဗက်ဟာနာပရက်ဟာသည် ၎င်း၏အသင်း ပရီးမီးယားလိဂ်ဖလားရရှိပြီးနောက် ကစားသမားများကို ပေါင်သုံးသောင်းတန်ကားများလက်ဆောင်ပေးအပ်မည်ဟု ပြောဆိုခဲ့ပြီး လက်တွေ့တွင် ပေါင်တစ်သိန်းကျော်တန်ကားများ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

သောကြာနေ့နံနက်ပိုင်းက လက်စတာအသင်းကွင်းရှေ့သို့ ထိုအပြာရောင် BMW ကားများရောက်ရှိနေခြင်းဖြစ်သည်။ တနင်္ဂနွေနေ့တွင် မန်ယူအသင်းနှင့် ကွန်မြူနတီဖလားပြိုင်ပွဲကစားရမည့် လက်စတာအသင်းသားများမှာ လေ့ကျင့်ရေးကွင်းတွင် ပြုံးပျော်လျက်ရှိနေကြသည်ကို တွေ့ရှိရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly