အိန္ဒိယတွင် စျေးတစ်စျေး၌ တိုက်ခိုက်မှုဖြစ်၍ လူ ၁၃ ဦး သေဆုံး

အိန္ဒိယတွင် စျေးတစ်စျေး၌ တိုက်ခိုက်မှုဖြစ်၍ လူ ၁၃ ဦး သေဆုံး

နယူးဒေလီ၊ သြဂုတ် ၆ ။            ။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ လူစည်ကားရာ ဈေးတစ်ဈေးတွင် သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုက်ခိုက်သူများက ဘိုဒိုလန်းအမျိုးသားဒီမိုကရေစီတပ်ဦး NDFB ၏ တပ်ခွဲ သူပုန်များဖြစ်သည်ဟု ရဲဌာန အပြစ်ပြောသည်။

ကိုကရာဂျဟာခရိုင်အတွင်းဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှု၌ လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်၍ သူပုန်တစ်ဦးသေဆုံးသည်။

NDFB တပ်ဖွဲ့သည် အာသံပြည်နယ်မှ ဘိုဒိုတိုင်းရင်းသားစုအတွက် လွတ်လပ်ရေးနယ်မြေတောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်။

“အရပ်သားတွေ တော်တော်များများ ဒဏ်ရာရကြတယ်။ သူပုန်တွေက သေနတ်အပြင် လက်ပစ်ဗုံးများပါ သုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်။”ဟု အာသံပြည်နယ်ရဲအကြီးအကဲ ဆာဟေးက ဘီဘီစီသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags