လီဗာပူးလ်တွင် နေရာမရသည့် ဘာလော့တယ်လီကို အေဂျက်ဇ်အသင်း ခေါ်ယူလို

လီဗာပူးလ်တွင် နေရာမရသည့် ဘာလော့တယ်လီကို အေဂျက်ဇ်အသင်း ခေါ်ယူလို

သြဂုတ် ၅၊ အင်္ဂလန်။       ။ ချန်ပီယံလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီဖြစ်သည့် ဟော်လန်ကလပ် အေဂျက်ဇ်အသင်းက အီတလီတိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူလိုလျက်ရှိနေသည်။ လီဗာပူးလ်အသင်းတွင် နေရာမရသည့် ဘာလော့တယ်လီကို အေဂျက်ဇ်အသင်းက ကာလရှည်စာချုပ်ဖြင့် ခေါ်ယူလိုနေခြင်းလည်း ဖြစ်သည်။

ဘာလော့တယ်လီသည် အေစီမီလန်အသင်းတွင် တစ်ရာသီအငှားသွားရောက်ကစားခဲ့ပြီးနောက် ယခုနှစ်တွင် လီဗာပူးလ်သို့ ပြန်လည်ရောက်ရှိနေသည်။ သို့သော် လီဗာပူးလ်နည်းပြ ကလော့ပ်က ဘာလော့တယ်လီမှာ သူ၏အစီအစဉ်တွင် မပါဝင်ကြောင်း ပြောဆိုခဲ့ပြီး အသင်းသစ်ရှာဖွေရန် အသိပေးထားသည်။

နည်းပြဂျာဂင်ကလော့ပ်နှင့် လီဗာပူးလ်ပထမအသင်းကြီးတို့ အမေရိကန်သို့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ထွက်သွားချိန်တွင် ဘာလော့တယ်လီမှာ လူငယ်အသင်းတွင် လေ့ကျင့်ခန်းဆင်းရန် ကျန်ရစ်ခဲ့သည်။ ထို့နောက် ဘာလော့တယ်လီသည် ကြံ့ခိုင်မှုပြည့်ဝရန်အတွက် ကိုယ်ပိုင်လေ့ကျင့်ခန်းများပြုလုပ်မည်ဆိုကာ အပန်းဖြေခရီးထွက်သွားခဲ့သည်။

ဘာလော့တယ်လီသည် နည်းပြကလော့ပ်၏ အနာဂတ်အစီအစဉ်တွင် မပါဝင်သည့်အတွက် ဟော်လန်လိဂ်၏အအောင်မြင်ဆုံး အေဂျက်ဇ်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖွယ်ရှိနေသည်။ ဘာလော့တယ်လီကို ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ၁၆ သန်းဖြင့် နည်းပြ ဘရန်ဒန်ရော်ဂျာကခေါ်ယူထားခြင်းဖြစ်သည်။ လက်ရှိ သူ၏စာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags