ရန်ကုန်-ဗီယက်နမ်ပြေးဆွဲမည့် Emirates လေကြောင်းလိုင်းဖွင့်လှစ်

ရန်ကုန်-ဗီယက်နမ်ပြေးဆွဲမည့် Emirates လေကြောင်းလိုင်းဖွင့်လှစ်
(ဓာတ်ပုံ- Emirates)

ရန်ကုန်မြို့ နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ပြေးဆွဲမည့် Emirates လေကြောင်းလိုင်း ခရီးစဉ် ဝန်ဆောင်မှုကို သြဂုတ် ၄ရက်တွင် စတင်လိုက်ပြီဖြစ်သည်။

ခရီးစဉ်အတွက် လေယဉ် Boeing 777-300ER အား အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါလေယာဉ်တွင် First Class ၈ ခုံ၊ Business Class ၄၂ ခုံ နှင့် Economy Class ခုံ ၃၁၀ ပါရှိပြီး Economy Class ၊ Business Class နှင့် First Class အတွက် ၃၅ ကီလိုဂရမ်၊ ၄၀ ကီလိုဂရမ် နှင့် ၅၀ ကီလိုဂရမ်စသည်ဖြင့် သယ်ဆောင်ခွင့်ပေးထားသည်။

Emirates လေကြောင်းလိုင်းက သြဂုတ် ၄ရက်တွင် စတင်လိုက်သည့် ရန်ကုန်- ဗီယက်နမ်ခရီးစဉ်သည် ကမ္ဘာလုံးဆိုင်ရာကွန်ယက် ချဲ့ထွင်လိုက်ခြင်းဖြစ်ပြီး Emirates သည် လက်ရှိတွင် ဥရောပနိုင်ငံပေါင်း ၃၉နိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံပေါင်း ၁၆နိုင်ငံ နှင့် အာဖရိက နှင့် အမေရိကတိုက်ရှိ နေရာများကိုလည်း ပြေးဆွဲလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags