စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာ (၅၀)ခန့် ချင်းတွင်း မြစ်ရေ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာ (၅၀)ခန့် ချင်းတွင်း မြစ်ရေ ဝင်ရောက်နေ
ကနီမြို့ ဆိပ်ကမ်းတွင် ရေနစ်မြုပ်နေမှုကို မြင်တွေ့ရစဉ်။ (ဓါတ်ပုံ-မာန်ဇာမြေမွန်)

မုံရွာ၊ သြဂုတ် ၄ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ရှိ  ကျေးရွာ(၅၀)ခန့်တွင် ချင်းတွင်းမြစ်ရေ ဝင်ရောက်နေသည့်အတွက် သောက်သုံး ရေလိုအပ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

"ကျေးရွာပေါင်း ၅၀ ဝန်ကျင်ရှိမယ်။ ဒေသခံ နှစ်သောင်းကျော်ပေါ့။ ရေဘေးသင့်နေတယ်။ အကူအညီကတော့မရှိဘူး၊ တော်တော်လေး လိုအပ်နေတယ်" ဟု ၎င်းက ပြောသည်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ရေဝင်ကျေးရွာများမှ ဒေသခံနှစ်သောင်းကျော် ရေဘေးဒုက္ခ ခံစားနေရခြင်းဖြစ်ပြီး ကုန်း မြင့်ဒေသများတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

ကနီမြို့တွင် ဇူလှိုင်လ ၂၈ ရက်နေ့မှ စတင်ကာ ချင်းတွင်းမြစ် ရေဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာ တချို့တွင် ရေဝင် ရောက်မှု ကြာမြင့်နေပြီဖြစ် ကြောင်း ဆိပ်ကမ်းတွင်ဈေးရောင်းချသူ တစ်ဦးက ပြောသည်။

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် (၄)ပေမှ (၆)ပေအထိ ဝင်ရောက်နေပြီး သောက်သုံးရေ အထူးလိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly