ဆီဂတ်ဆင်ကို စာချုပ်သက်တမ်းတိုးပြီး ၀ီလျံကို ရောင်းရန်ငြင်းပယ်လိုက်သည့် ဆွမ်ဆီးအသင်း

ဆီဂတ်ဆင်ကို စာချုပ်သက်တမ်းတိုးပြီး ၀ီလျံကို ရောင်းရန်ငြင်းပယ်လိုက်သည့် ဆွမ်ဆီးအသင်း

သြဂုတ် ၃၊ အင်္ဂလန် ။               ။ ဆွမ်ဆီးအသင်းဟာ သူတို့ရဲ့အဓိကကွင်းလယ်ကစားသမား ဆီဂတ်ဆင်ကို လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီး အသင်းခေါင်းဆောင်နောက်ခံလူ အက်ရှ်လေဝီလျံကို အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆွမ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်အသင်းက ဆီဂတ်ဆင်နဲ့ဝီလျံတို့နှစ်ဦးစလုံးကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

အဲဗာတန်အသင်းဟာ ဆီဂတ်ဆင်အတွက် ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်း၊ ဝီလျံအတွက် ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆွမ်ဆီးအသင်းက ကမ်းလှမ်းမှုနှစ်ခုစလုံးကို ပယ်ချခဲ့ပါတယ်။

ဆီဂတ်ဆင်ဟာ ၂၀၁၄ ခုနှစ်က စပါးအသင်းကနေ ဆွမ်ဆီးအသင်းကိုရောက်လာခဲ့သူဖြစ်ပြီး သူ့ရဲ့ လက်ရှိစာချုပ်က ၂ နှစ်ကျန်ရှိနေပါသေးတယ်။ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဆီဂတ်ဆင်ကို ကလပ်အသင်းအများအပြားက အလိုရှိခဲ့ပေမယ့် ဆွမ်ဆီးက ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

ဆီဂတ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအတွက် ၃၆ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူပေးခဲ့ကာ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

အသင်းခေါင်းဆောင်နောက်ခံကစားသမား အက်ရှ်လေဝီလျံရဲ့ လက်ရှိစာချုပ်ဟာ ၂၀၁၈ ခုနှစ်အထိရှိနေသေးပြီး သူ့ကိုရောင်းချဖို့ ဆန္ဒမရှိတာကြောင့် အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကို   ငြင်းပယ်ခဲ့တာလို့လည်း ဆွမ်ဆီးအသင်းက ကြေညာခဲ့ပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly