မူးယစ်မှုများနှင့် ပတ်သက်ဆက်နွယ်နေသူဟု အမေရိကန်တို့ဘက်က စွပ်စွဲထားသော ဗိုလ်ချုပ်ကြီးတစ်ဦးကို ဗင်နီဇွဲလားအစိုးရက ပြည်ထဲရေးဝန်ကြီးခန့်အပ်

မူးယစ်မှုများနှင့် ပတ်သက်ဆက်နွယ်နေသူဟု အမေရိကန်တို့ဘက်က စွပ်စွဲထားသော ဗိုလ်ချုပ်ကြီးတစ်ဦးကို ဗင်နီဇွဲလားအစိုးရက ပြည်ထဲရေးဝန်ကြီးခန့်အပ်

သြဂုတ် ၃ ။             ။ နိုင်ငံ၏ တရားမဝင် မူးယစ်ဆေးဝါးမှုများတွင် ပါဝင်ပတ်သက်မှုရှိထားသည်ဟု အမေရိကန်၏ စွပ်စွဲပြောကြားခြင်း ခံထားရသူ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအား ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဗင်နီဇွဲလား သမ္မတက ခန့်အပ်လိုက်သည်။

သမ္မတ နီကိုလပ်စ် မာဒူရိုသည် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် ရှုမြင်ခံထားရသူ ထိပ်တန်းစီးပွားရေးအရာရှိကြီးတစ်ဦးအား အစိုးရအဖွဲ့မှ ထုတ်ပယ်လိုက်ပြီး အမေရိကန်တို့၏ စွဲချက်တင်ခံထားရသူ ဗိုလ်ချုပ်ကြီးကိုမူ ၎င်း၏အစိုးရအဖွဲ့တွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ယခု ကြေညာလိုက်သော အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုက ဝါရှင်တန်အစိုးရနှင့် တင်းမာနေမှုများကို ပိုမိုမြင့်တက်သွားစေသကဲ့သို့ စီးပွားရေးခြွတ်ခြုံကျနေချိန် ပြုပြင်ပြောင်းလဲမှု လိုလားနေသူများအတွက်လည်း စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။

ယခု ပြည်ထဲရေး ဝန်ကြီးသစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး နက်စတာ ရီဗာရောလ်မှာ မူးယစ်တိုက်ဖျက်မှုအေဂျင်စီနှင့် အမျိုးသား အစောင့်တပ်ဖွဲ့မှ အကြီးအကဲဟောင်းဖြစ်ခဲ့ပြီး ၎င်းမှာ နိုင်ငံတွင် တရားမဝင် ကိုကင်း ကုန်ကူးနေမှုများကို နှိမ်နင်းခဲ့ခြင်းမရှိပဲ အားပေးကူညီခဲ့သူသာဖြစ်ကြောင်း အမေရိကန်တို့က စွပ်စွဲပြောကြားထားသည်။

ယခင်သမ္မတ ဟူဂိုချာဗက်စ် လက်ထက်ကလည်း ပြည်ထဲရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ထားခဲ့ဖူးသူ ရီဗာရောလ်မှာ အမေရိကန်အစိုးရ၏ စွဲချက်များနှင့်ပတ်သက်၍   ငြင်းဆန်ပြောကြားထားခဲ့ဖူးသူဖြစ်သည်။ အလားတူ အဆိုပါ စွဲချက်များမှာ နိုင်ငံတကာရေးရာလှုံ့ဆော်မှုတစ်ခုသာဖြစ်ကြောင်းလည်း ဗင်နီဇွဲလားအစိုးရက ပြောကြားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags