ဟီလာရီကလင်တန်အား မကောင်းဆိုးဝါမိစ္ဆာအဖြစ် ဒေါ်နယ်ထရန့်ပြော

ဟီလာရီကလင်တန်အား မကောင်းဆိုးဝါမိစ္ဆာအဖြစ် ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၂ ။                 ။ ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြိုင်ဖက်ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်အား မကောင်းဆိုးဝါးမိစ္ဆာအဖြစ် ပြောဆိုလိုက်ပြီး ၎င်း၏ ပါတီတွင်လည်း ထိုးနှက်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

ပင်ဆယ်ဗယ်နီးယားရှိ စာသင်ကျောင်းတစ်ကျောင်းတွင် မိန့်ခွန်းပြောကြားရာ၌ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ပွဲ၌ ဟီလာရီအား အရှုံးပေးလိုက်သည့် ဘာနေးဆန်ဒါးကိုလည်း ဒေါ်နယ်ထရန့်က တိုက်ခိုက်ပြောဆိုသည်။

“ဘာနေးတစ်ယောက် မိစ္ဆာနဲ့ အပေးအယူလုပ်လိုက်တာပဲ။ သူမက မကောင်းဆိုးဝါးမိစ္ဆာပဲဖြစ်တယ်။”ဟု စီးပွားရေးလုပ်ငန်းရှင်ကြီး ထရန့်က ပြောခဲ့သည်။

ဒီမိုကရက်တစ်နှင့် ရီပတ်ဘရီကန်ပါတီနှစ်ရပ်စလုံးက ထရန့်၏ မှတ်ချက်စကားများနှင့် ပတ်သက်ပြီး ဝေဖန်ရှုတ်ချထားကြသည်။

ထရန့်အနေဖြင့် အခြားသောတိုက်ခိုက်ခံရမှုအဖြစ် အမေရိန်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်ကြီး ဝါရန်ဘူးဖတ်က ထရန့်အား အခွန်ဆောင်မှုကို ထုတ်ပြန်ရန် စိန်ခေါ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly