ဟောင်ကောင်တွင် အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်

ဟောင်ကောင်တွင် အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်

ဟောင်ကောင်၊ သြဂုတ် ၂ ။        ။ ဟောင်ကောင်ကမ်းခြေတွင် တိုင်ဖုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ရာ ဒေသခံများအား ဘေးလွတ်ရာပြောင်းရွှေ့ရန် ဆော်သြထားသည်။

ဂန်ဒေါင်ပြည်နယ်တွင် နေထိုင်သူများကို အစားအစာများနှင့် အခြားလိုအပ်သောပစ္စည်းပစ္စယများ သိုလှောင်ထားကြရန်လည်း သတိပေးထားသည်။

ဖိလစ်ပိုင်ကို ဖြတ်ကျော်လာခဲ့သည့် တိုင်ဖုန်းမုန်တိုင်း နီဒါသည် ဟောင်ကောင်ဒေသအတွက် ၁၉၈၃ ခုနှစ်နောက်ပိုင်း အားအပြင်းဆုံး မုန်တိုင်းလည်းဖြစ်သည်။

ရထားလမ်းများ၊ ဖယ်ရီကားများနှင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရ၍ ခရီးသည်ထောင်ပေါင်းများစွာ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags