လစ်ဗျားတွင် အိုင်အက်စ်များအား အမေရိကန်လေကြောင်းထိုးစစ်ဆင်

လစ်ဗျားတွင် အိုင်အက်စ်များအား အမေရိကန်လေကြောင်းထိုးစစ်ဆင်

ဆာတီ၊ သြဂုတ် ၂ ။             ။ အမေရိကန်က ကုလသမဂ္ဂကျော်ထောက်နောက်ခံပြု လစ်ဗျားအစိုးရ၏ တောင်းဆိုချက်အရ လစ်ဗျားနိုင်ငံတွင်းက အိုင်အက်စ်များကို လေကြောင်းထိုးစစ်ဆင်သည်။

အိုင်အက်စ်အမာခံနယ်မြေ ဆာတီဆိပ်ကမ်းမြို့ရှိ ပစ်မှတ်များကို လေကြောင်းထိုးစစ်ဖွင့်ခြင်းဖြစ်သည်။

လေကြောင်းထိုးစစ်များကြောင့် အကြီးအကျယ်ဆုံးရှုံးမှုများ ရှိကြောင်း လစ်ဗျားဝန်ကြီးချုပ် ဖာယက်စ်ဆာရက်က ရုပ်သံမိန့်ခွန်းတွင် ပြောသည်။

လစ်ဗျားတွင် အိုင်အက်စများ ကြီးထွားလာခြင်းကို အနောက်ပါဝါနိုင်ငံများက စိုးရိမ်မှုများ မြင့်တက်လာရသည်။

လစ်ဗျားတွင် အိုင်အက်စ်ပစ်မှတ်များကို ဖေဖော်ဝါရီနှင့် နိုဝင်ဘာလအတွင်း အမေရိကန်က နှစ်ကြိမ်ထိုးစစ်ဆင်ဖူးသည်။

သြဂုတ် ၁ ရက်က သမ္မတ အိုဘားမားအမိန့်ဖြင့် လေကြောင်းထိုးစစ်များကို အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်နေရသည့် လက်ရှိလစ်ဗျားအစိုးရကို ထောက်ကူပြု၍ ဆင်နွှဲခြင်းဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags