ပီဂျာကာမှာ စီရော်နယ်ဒိုနှင့်ကာကာတို့ ပေါင်းစပ်ထားသူဟု အေးဂျင့်ဖြစ်သူ အမွှမ်းတင်

ပီဂျာကာမှာ စီရော်နယ်ဒိုနှင့်ကာကာတို့ ပေါင်းစပ်ထားသူဟု အေးဂျင့်ဖြစ်သူ အမွှမ်းတင်

သြဂုတ် ၁၊ အီတလီ ။               ။ ဂျူဗင်တပ်စ်အသင်းက အသစ်ခေါ်ယူလိုက်သည့် ကွင်းလယ်တိုက်စစ်ကစားသမား မာကိုပီကာဂျာ၏ အေးဂျင့်ဖြစ်သူက သူ၏ကစားသမားသည် စီရော်နယ်ဒိုနှင့် ကာကာတို့ ပေါင်းစပ်ထားသူဟု အမွှမ်းတင်ပြောဆိုလိုက်သည်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် ခရိုအေးရှားကွင်းလယ်လူပီဂျာကာကို ဂျူဗင်တပ်စ်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြင့် ဒိုင်နမိုဇာဂရက်အသင်းမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ပီဂျာကာသည် ဒိုင်နမိုဇာဂရက်အသင်းတွင် တောင်ပံကစားသမားအဖြစ်သာ ကစားခဲ့သော်လည်း ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ၏ စိန်ပွင့်ပုံစံ (၄-၄-၂) ကစားကွက်တွင် ပေါ့ဂ်ဘာ၏နေရာဖြစ်သော ကွင်းလယ်၌ ကစားရဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

အေးဂျင့် မာကိုနာလီတီလစ်က ‘ကစားသမားတွေကို နှိုင်းယှဉ်ဖို့ဆိုတာ အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ပီဂျာကာကတော့ စီရော်နယ်ဒိုနဲ့ ကာကာတို့ ပေါင်းစပ်ထားတဲ့ ကစားသမားမျိုးလို့ ကျွန်တော်မြင်ပါတယ်။

ပီဂျာကာက အားလုံးကို အံ့အားသင့်အောင် လုပ်ပြတာကို မကြာခင် ခင်ဗျားတို့ တွေ့ရပါလိ့မ်မယ်။ သူက တိုက်စစ်နေရာပေါင်းစုံမှာ ကစားနိုင်သူပါ’ ဟု ပြောသည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုနှစ်ရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အလုပ်ရှုပ်လျက်ရှိပြီး ဒန်နီအဲလ်ဗက်စ်၊ ဘီနာတီယာ၊ ဟီဂူအင်၊ ပီဂျန်နစ်စသည့် ကစားသမားများကိုလည်း ခေါ်ယူထားသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly