တောင်ကိုရီးယားတာဝန်ရှိသူများ၏ အီးမေးလ်များအား မြောက်ကိုရီးယားက ဟက်ကာဖောက်ယူ

တောင်ကိုရီးယားတာဝန်ရှိသူများ၏ အီးမေးလ်များအား မြောက်ကိုရီးယားက ဟက်ကာဖောက်ယူ

ဆိုးလ်၊ သြဂုတ် ၁ ။                  ။ မြောက်ကိုရီးယား၏ သံသယရှိဖွယ် ဆိုက်ဘာတိုက်ခိုက်မှုများ၏ နောက်ဆုံးတိုက်ခိုက်မှုအဖြစ် ယခုနှစ်အတွင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများ၏ အီးမေးလ် အကောင့်များကို မြောက်ကိုရီးယားက ဟက်ကာထိုးဖောက်ခဲ့သည်ဟု တောင်ကိုရီးယားတာဝန်ရှိသူများက ယူဆကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် အစိုးရတာဝန်ရှိသူပေါင်း ၅၆ ဦး၏ အီးမေးလ်ပတ်စ်ဝေါ့ဒ်စ်များအား မြောက်ကိုရီးယားတွင် လည်ပတ်နေသည့် အုပ်စုတစ်စုက ဇန်နဝါရီမှ ဇွန်လအတွင်း ဟက်ကာထွင်းဖောက် ခိုးယူခဲ့ကြောင်း တရားရေးဌာနကို ကိုးကားလျက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။

ဟက်ကာများက ဖရီးဆာဗာကို သုံးကာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ တက္ကသိုလ်များနှင့် ကာကွယ်ရေးစပ်ဆက်သည့် ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်အတုများကို ဖန်တီးပြီး ပတ်စ်ဝေါ့ဒ်စ်များ ခိုးယူခဲ့ခြင်းဖြစ်သည်ဟု ယွန်ဟတ်က ဖော်ပြသည်။

မည်သည့်အရေးကြီးသတင်းအချက်အလက်များ ပေါက်ကြားခိုးယူခံခဲ့ရသည်ကို ထောက်လှမ်းစစ်ဆေးနေဆဲဖြစ်သည်။ တောင်ကိုရီးယား အွန်လိုင်းရှော့ပင်းမောသို့ ဝင်ရောက်ကြည့်ရှုဈေးဝယ်သူပေါင်း ဆယ်သန်းကျော်ထက်မနည်း၏ အချက်အလက်များကို မြောက်ကိုရီးယားဖက်က ဟက်ကာခိုးယူသွားကြောင်း တောင်ကိုရီးယားရဲများ ပြောခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခုဆိုက်ဘာ တိုက်ခိုက်မှုဖြစ် ပွားခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly