ဇူလိုင် ၃၁၊ မန်ချက်စတာ။ ။ ပေါ့ဂ်ဘာရောက်ရှိလာခြင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ပိုမိုစိတ်ဝင်စားစရာကောင်းသည့် အသင်းဖြစ်လာအောင် လုပ်နိုင်လိမ့်မည်ဟု အီဘရာဟီမိုဗစ်က ပြောသည်။
ယူနိုက်တက်သည် ပေါ့ဂ်ဘာ၏ ပေါင်သန်း ၁၀၀ ကျော်တန်အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုများဆက်လုပ်နေဆဲဖြစ်ပြီး မကြာမီ အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရသည်။
မော်ရင်ဟိုလက်ထက် ၂၀၁၆-၁၇ ရာသီတွင် ချန်ပီယံလိဂ်ကစားခွင့်ရမည်မဟုတ်သော်လည်း အသင်း၏လှုပ်ရှားမှုနှင့် ပေါ့ဂ်ဘာ ကို ခေါ်ယူနိုင်ခြင်းက အင်အားဖြစ်စေမည်ဟု အီဘရာဟီမိုဗစ်က ယုံကြည်နေသည်။
“ကျွန်တော်တို့ ကြီးကြီးမားမားလှုပ်ရှားနေတယ်။ ဒါက စိတ်ဝင်စားဖို့လည်းကောင်းတယ်။ ပေါ့ဂ်ဘာရောက်လာတာကို စောင့်ကြည့်ကြစို့။ အဲဒါက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာလိမ့်မယ်”ဟု အီဘရာဟီမိုဗစ်က ပြောသည်။
အီဘရာဟီမိုဗစ်သည် ယူနိုက်တက်၏ ရာသီကြိုခြေစမ်းပွဲဖြစ်သော ဂါလာတာစာရေးကို ၅-၂ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ပထမဆုံး ပွဲထွက်ကစားခဲ့ပြီး ပွဲချိန်လေးမိနစ်မှာပင် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သည်။
ဂိုသင်ဘတ်တွင်ကစားသည့်ပွဲ၌ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ရာ အမိမြေတွင် ပထမဆုံးဂိုးကိုသွင်းနိုင်ခဲ့ခြင်းအတွက် ဆွီဒင်လူမျိုး တိုက်စစ်မှူးက ဝမ်းမြောက်နေသည်။
Ref; goal.com