မြန်မာက ပါကစ္စတန်မှ JF-17 Thunder ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည်

မြန်မာက ပါကစ္စတန်မှ JF-17 Thunder ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည်
 JF-17 Thunder တိုက်လေယာဉ်

ဇူလိုင် ၁၀ ။       ။ မြန်မာနိုင်ငံသည် ပါကစ္စတန်နိုင်ငံမှ ပထမအသုတ်အနေဖြင့် JF-17 Thunder ဂျက်တိုက်လေယာဉ် ၁၆ စင်းကို ဝယ်ယူမည်ဟုသိရသည်။

ပါကစ္စတန်နိုင်ငံက ယင်းဂျက်လေယာဉ်အမျိုးအစား အစင်းရေ နှစ်ဒါဇင်ကျော်ကို ရောင်းချသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ပထမဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်သည်။

အရောင်းအဝယ်သဘောတူညီမှုအရ ပါကစ္စတန်က ပုံမှန်စစ်ဆေးပေးရမည့် ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။

အဆိုပါ တိုက်လေယာဉ်များ အရောင်းအဝယ်ကိစ္စကို မတ်လကတည်းက နှစ်နိုင်ငံကြား စတင်ဆွေးနွေးခဲ့ကြ သည်ဟု Dunya News ရုပ်သံဌာနက ဇူလိုင် ၉ ရက်၌ ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံ JF-17 Thunder ဂျက်လေယာဉ်များ ရောင်းချနိုင်ရေးအတွက် အခြားနိုင်ငံများနှင့် လည်းဆွေးနွေးပွဲများ ပြု လုပ်နေကြောင်း ယင်းရုပ်သံသတင်းတွင် ဖော်ပြထားသည်။

Ref; Dunya News

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly