မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူ

မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူ

ဇူလိုင် ၃၀၊ ဂျာမနီ ။         ။ မန်ယူအသင်းမှ ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါက နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရှဝိန်းစတိုင်ဂါသည် ၂၀၀၄ ခုနှစ်ကတည်းက ဂျာမနီလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အမိနိုင်ငံအတွက် ၁၂ နှစ်တာ ကစားပေးခဲ့သူ ဖြစ်သည်။ ပွဲပေါင်း ၁၂၀ အထိကစားပေးခဲ့ပြီး ဂျာမနီဘောလုံးသမိုင်းတွင် နိုင်ငံလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားထားသူအဖြစ် မှတ်တမ်းတင်ထားသူ ဖြစ်သည်။

ဂျာမနီအသင်းနှင့်အတူ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဖလားကြီးကို ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်က ယူရိုပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည်။

‘အမိနိုင်ငံအတွက် ပွဲ ၁၂၀ အထိ ကစားပေးနိုင်ခဲ့ပြီး ဂျာမနီအသင်းနဲ့အတူ ပြောပြလို့မရနိုင်လောက်အောင် လှပလွန်းတဲ့ အခိုက်အတန့်တွေ အောင်မြင်မှုတွေကို ရရှိခဲ့ပြီးပါပြီ။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့ သမိုင်းဝင်အောင်မြင်မှုနဲ့ စိတ်လှုပ်ရှားစရာ အဆင့်တစ်ခုကို ရရှိခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အဲ့ဒီလိုမျိုး နောက်တစ်ကြိမ် မရနိုင်တော့ပါဘူး။ တစ်နည်းမဟုတ်၊ တစ်နည်းနဲ့တော့ ကျွန်တော်တို့ ဆက်သွယ်မှုတွေရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်။

ပရိသတ်တွေကို ပြောလိုတာကတော့ ခင်ဗျားတို့အတွက် ကစားခွင့်ရရှိခဲ့လို့ အရမ်းဂုဏ်ယူပါတယ်။ အခက်အခဲတွေကို အတူတကွဖြတ်ကျော်ခဲ့ကြလို့ အများကြီး ကျေးဇူးတင်ပါတယ်’ ဟု ရှဝိန်းစတိုင်ဂါက ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly