ရာသီသစ်မစတင်မီ အဂူရိုကို မန်စီးတီးအသင်း စာချုပ်သစ်ချုပ်မည်

ရာသီသစ်မစတင်မီ အဂူရိုကို မန်စီးတီးအသင်း စာချုပ်သစ်ချုပ်မည်

ဇူလိုင် ၃၀၊ မန်ချက်စတာ ။             ။ မန်ချက်စတာစီးတီးအသင်းသည် ဘောလုံးရာသီသစ်မစတင်မီ တိုက်စစ်မှူးအဂူရိုကို စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်သည်။ အဂူရို သည် အသင်းနှင့် ၂၀၁၉ ထိစာချုပ် သက်တမ်းရှိနေသေးသော်လည်း စာချုပ်သစ်ချုပ်ရန် ဇန်နဝါရီကတည်းက သဘောတူခဲ့ သည်ဟု ယူဆရဖွယ်ရှိသည်။

နည်းပြဂွာဒီယိုလာလက်ထက်ပထမဆုံးဂိုးကို ဒေါ့မွန်နှင့်ခြေစမ်းပွဲ၌သွင်းယူခဲ့သည့် အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးသည် ကစားသမားဘဝအဆုံးသတ်ချိန်တွင် အသင်းဟောင်း အင်ဒီပန်ဒီယန်တီသို့ ပြန်လိုသည်ဟု ပြောဆိုထားသည်။

သို့သော် ၂၀၁၁ တွင် အက်သလက်တီကိုမှ ပေါင် ၃၈ သန်းဖြင့်ပြောင်းလာပြီးနောက်ပိုင်း အသင်းတွင် အားထားရသော ကစားသမားဖြစ်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲတွင် တစ်ဦး အပါအဝင်ဖြစ်နေချိန်၌ မန်စီးတီးအသင်းက အဂူရိုကို တတ်နိုင်သမျှ ကာလရှည်ဆက်ရှိနေစေချင်လျှက်ရှိသည်။

ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြခဲ့သည့် ဖာနန်ဒင်ဟိုကိုလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly