နိုင်ငံရေးဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင် ကိုယ်စားပြုစနစ် ကိုင်ဆွဲရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘုံသဘောတူ

နိုင်ငံရေးဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင် ကိုယ်စားပြုစနစ် ကိုင်ဆွဲရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘုံသဘောတူ

မိုင်ဂျာယန်၊ ဇူလိုင် ၃၀ ။             ။ နိုင်ငံရေးဆွေးနွေးမှုတွင် ကိုယ်စားပြုမှု၊ စုဖွဲ့မှုပုံစံနှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ကိုယ်စားပြုစနစ်အပေါ် ဆက်လက် ကိုင်စွဲသွားရန် တိုင်းရင်းသား လက်နက်ကိုင်   တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ စတုတ္ထနေ့တွင် ဘုံ သဘောထား ချမှတ်လိုက်သည်ဟု သိရသည်။

“ယနေ့ အစည်းအဝေးတွင် ကိုယ်စားပြုမှုနှင့် စုဖွဲ့မှုပုံစံနှင့် ပတ်သက်၍ သုံးပွင့်ဆိုင်ကိုယ်စားပြုစနစ်အပေါ် ဆက် လက် အခြေခံသွားရန်”ဟု ၂၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘော ဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စများ စသည့် ခေါင်းစဉ် ၅ ခုဖြင့် ဆွေးနွေးသွားရန် ဘုံသဘောထားချမှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ချက်ထဲတွင် ပါရှိသည့် ကိုယ်စားပြုမှုနှင့် စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချ မှတ် သည့် ပုံစံ၊ ဆွေးနွေးမည့် အကြောင်းအရာများနှင့် နိုင်ငံရေးဆွေးနွေးမှု ပုံစံ အဆင့်ဆင့်ကို အပြန်အလှန်ဆွေးနွေး ၍ ဘုံသဘောထားများ စုစည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံး ဖြတ်ချက် ချမှတ်သည့် ပုံစံ၊ နိုင်ငံရေးဆွေးနွေးမှု ပုံစံအဆင့်ဆင့်နှင့် ထည့်သွင်းဆွေးနွေးမည့် အကြောင်း အရာ ခေါင်းစဉ်များကို ဆွေးနွေးမည်ဖြစ်၍ စိန်ခေါ်မှု ပိုများနိုင်သဖြင့် စိတ်ရှည်သည်းခံစွာဖြင့် အပြန်အလှန် ဆွေးနွေး ကြရန် သဘာပတိအဖြစ် လုပ်ဆောင်ခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ၏ မိန့်ခွန်းတွင် ပါရှိသည်။

အစည်းအဝေးကို ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ဆက်လက် ပြုလုပ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly