လက်ရွေးစင်ကစားသမား ဘဝမှ အနားယူကြောင်း ရှဝိုင်းစတိုင်ဂါ ကြေငြာ

လက်ရွေးစင်ကစားသမား ဘဝမှ အနားယူကြောင်း ရှဝိုင်းစတိုင်ဂါ ကြေငြာ
(ဓာတ်ပုံ - အီးပီအေ)

အသက် (၃၁) နှစ်အရွယ်ရှိ ဂျာမနီအသင်းခေါင်းဆောင် ရှဝိုင်းစတိုင်ဂါဟာ နိုင်ငံလက်ရွေးစင်ကစားသမား ဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း သောကြာနေ့က ကြေငြာခဲ့ပါတယ်။

"ဂျာမနီအသင်းကို အားပေးတဲ့ ပရိသတ်များခင်ဗျ ... လက်ရွေးစင်အသင်းကနေ အနားယူချင်ပြီဖြစ်တာကြောင့် လာမယ့်အချိန်တွေမှာ ဂျာမနီနည်းပြက အသင်းမှာ နောက်ထပ် မရွေးချယ်ဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။"လို့ မန်ယူကွင်းလယ်ကစားသမား ရှဝိုင်းစတိုင်ဂါက သူ့ရဲ့ တွစ်တာအကောင့်ကတစ်ဆင့် ပြောပါတယ်။

ခုလိုရေးသားပြီးနောက် ဂျာမနီဘောလုံးအဖွဲ့ချုပ်၊ နည်းပြနှင့် အသင်းဖော်များက ရှဝိုင်းစတိုင်ဂါကို အသင်းမှာ ပြန်ကစားဖို့ ခေါ်ခဲ့ပါတယ်။

"ပြင်သစ် ယူရို ၂၀၁၆ ဖလား ကျနော် ဆွတ်ခူးချင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၆ နောက်ပိုင်း ဒီဖလားကို ဂျာမနီက မရရှိနိုင်ခဲ့တာကြောင့်ပါ။"လို့ ရှဝိုင်းစတိုင်ဂါက ယူရို ၂၀၁၆ ဖလားမယူနိုင်ခဲ့တဲ့ ခံစားမှုကို ပြသခဲ့ပါတယ်။

ရှဝိုင်းစတိုင်ဂါက "နိုင်ငံအတွက် နိုင်ငံတကာ ပွဲပေါင်း (၁၂၀) ကစားခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်း အကောင်းဆုံးတွေ ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်" ဟု ရေးသားခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဂျာမနီလက်ရွေးစင်အဖြစ် စတင်ကစားခဲ့တဲ့ ရှဝိုင်းစတိုင်ဂါဟာ ယူရိုပြိုင်ပွဲ (၄)ကြိမ်နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ (၃) ကြိမ် မှာ ပါဝင်ကစားခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားကို ရယူခဲ့သူလည်းဖြစ်ပါတယ်။

Ref; EPA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly