မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သား လူနာဆောင်အသစ် ဖွင့်လှစ်

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သား လူနာဆောင်အသစ် ဖွင့်လှစ်
အချုပ်သားလူနာဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဝန်ကြီးအချုပ် အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ- ဇော်နီ )

မြိတ်၊ ဇူလိုင် -၂၉ ။               ။ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သား လူနာဆောင်အသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ၎င်းလူ နာဆောင်ဆောက်လုပ်လှူဒါန်းခဲ့သည့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်ကို တနသာၤရီတိုင်းဝန်ကြီးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။

ယခုကဲ့သို့ အချုပ်သားလူနာဆောင်ဖွင့်လှစ်နိုင်ခြင်းအားဖြင့် မည်သူမဆို အချုပ်သားအနေဖြင့် မျက်နှာငယ် စရာမလိုပဲ အဆင်ပြေစွာကုသနိုင်မည်ဖြစ်သဖြင့် ဝမ်းသာမိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နှောင်ကြိုးမဲ့ အကူညီ တစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကြိုဆိုကြောင်း ဝန်ကြီးချုပ်က ဇူလိုင်(၂၈) ညနေပိုင်း တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

“ ကျွန်မရဲ့အယူအဆကတော့ ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ချင်တဲ့ ဘယ်စီးပွားရေးလုပ်ငန်းရှင် မဆိုပူးပေါင်း ဆောင်ရွက် နိုင် ပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်ကတော့ ကျွန်မတို့ ကို နှောင်ကြိုးမဲ့ ကူညီမှုနဲ့ပဲ ဖြစ်ရပါစေ့မယ်လို့ ပြည်သူကို ကတိပေးပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အချုပ်သားလူနာဆောင် ဆောက်လုပ်လှူဒါန်းရန်အတွက် ဝန်ကြီးချုပ်မှ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌထံ အကူအညီတောင်းခံခဲ့ပြီး မြိတ်အများပိုင်  ကော်ပိုရေးရှင်း လီမိတက် အနေဖြင့် ကျပ်သိန်း(၂၂၀)ကျော် တန်ဖိုးရှိ အလျား ၃၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၁ပေ ရှိ သံကူကွန် ကရစ်တစ်ထပ် အဆောက် အအုံအဖြစ် လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို နှောင်ကြိုးမဲ့ ကူညီမှုမျိုးဖြင့် ပူးပေါင်း ဆောင် ရွက်မည်ဆိုပါက ပြည်သူကို မျက်နှာမူသည့် အစိုးရဖြစ်သည်နှင့်အညီ အခွင့်အလမ်းများ   ပေးနိုင်ချင်မှ ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly