ကစားသမားတစ်ဦးတည်းအတွက် ပေါင်သန်း ၁၀၀ သုံးမည်မဟုတ်ဟု ကလော့ပ်ပြော

ကစားသမားတစ်ဦးတည်းအတွက် ပေါင်သန်း ၁၀၀ သုံးမည်မဟုတ်ဟု ကလော့ပ်ပြော

ဇူလိုင် ၂၉၊ လီဗာပူးလ်။                   ။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ၎င်းသာဆိုလျှင် ကစားသမားတစ်ဦးတည်းအတွက် ပေါင်သန်း ၁၀၀ သုံးမည်မဟုတ်ဟု ပြောဆိုလိုက်သည်။

ဂျာမန်လူမျိုးနည်းပြသည် မန်နီ၊ ဝစ်နယ်ဒန်တို့ကိုခေါ်ယူထားသော်လည်း ပြောင်းရွှေ့ကြေးသုံးစွဲမှုမှာ မန်ချက်စတာယူနိုက်တက် အသင်းက ပေါ့ဂ်ဘာအတွက်ပေးရမည့် ပေါင်သန်း ၁၀၀ နှင့်နှိုင်းယှဉ်လျှင် ပြောပလောက်သော ပမာဏမဟုတ်ပေ။

ကလော့ပ်က ၎င်းအနေဖြင့်ယင်းသို့ ကစားသမားဝယ်ရန်စိတ်မဝင်စားသည့်အပြင် ကစားသမားတစ်ဦးတည်းအတွက် ငွေများစွာ သုံးစွဲပြီး စွန့်စားရန်လည်းစိုးရိမ်နေသည်။

“ကစားသမားတစ်ယောက်ကို ပေါင်သန်း ၁၀၀ နဲ့ခေါ်လိုက်ပြီး သူသာဒဏ်ရာရသွားခဲ့ရင် အားလုံးသွားပြီ။ ဒီနေ့ဘောလုံးလောက က ဒီလိုပါပဲ။ ကျွန်တော်ကတော့ အဲဒီလိုမလုပ်ဘူး။ ဘာကြောင့်လည်းဆိုတော့ ပြိုင်ပွဲဆိုတာ အတူတကွကစားကြရတာပါ။

ဘောလုံးမှာလူတိုင်းနားလည်ထားတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ အကောင်းဆိုတာတွေကိုအမြဲတမ်းဖန်တီးချင်တာမှန်ပေမယ့် အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ခြင်းကသာ   အောင်မြင်မှုအတွက် လိုအပ်ချက်ပါ”ဟု ကလော့ပ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags