ထိုင်ဝမ်ကုမ္ပဏီမှ စွန့်ထုတ်လိုက်သည့် ညစ်ညမ်းပစ္စည်းများကြောင့် လူနှစ်သိန်းကျော်၏ သက်မွေးမှုလုပ်ငန်းများ ထိခိုက်ခဲ့ရဟု ဗီယက်နမ် ပြော

ထိုင်ဝမ်ကုမ္ပဏီမှ စွန့်ထုတ်လိုက်သည့် ညစ်ညမ်းပစ္စည်းများကြောင့် လူနှစ်သိန်းကျော်၏ သက်မွေးမှုလုပ်ငန်းများ ထိခိုက်ခဲ့ရဟု ဗီယက်နမ် ပြော

ဇူလိုင် ၂၉ ။                ။ စတီးလ်ထုတ်လုပ်ရေးကုမ္ပဏီကနေ စွန့်ထုတ်လိုက်သည့် ညစ်ညမ်းပစ္စည်းများကြောင့် တံငါသည် ၄၁,၀၀၀ အပါအဝင် စုစုပေါင်း လူနှစ်သိန်းကျော်၏ သက်မွေးမှုလုပ်ငန်းများ ထိခိုက်ခဲ့သည်ဟု ထိုင်ဝမ် ကုမ္ပဏီက ဝန်ခံသွားခဲ့ကြောင်း ဗီယက်နမ်အစိုးရက ပြောသည်။

နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော ထိုင်ဝမ် ဓါတုပစ္စည်းနှင့် စတီးလ် ကုမ္ပဏီ Formosa Ha Tinh မှ စွန့်ထုတ်ညစ်ညမ်းပစ္စည်းများကြောင့် နိုင်ငံ အလယ်ပိုင်းဒေသများ၏ ခရီးသွားလုပ်ငန်းအပေါ် များစွာ ထိခိုက်စေခဲ့သည်ဟုလည်း ဗီယက်နမ် ပြည်တွင်းသတင်းစာထဲတွင် ရေးသားထားသည်။

ညစ်ညမ်းစေသော ဓါတုပစ္စည်းများ ထုတ်လွှတ်ခဲ့မှုတွင် မိမိတို့တွင် တာဝန်ရှိကြောင်း ထိုင်ဝမ်ကုမ္ပဏီဘက်မှ ပြီးခဲ့သည့်လတွင် ဝန်ခံခဲ့သကဲ့သို့ ညစ်ညမ်းမှုများကို ပြန်လည်ရှင်းလင်းစေရေး၊ ထိခိုက်ခဲ့ရသူများအား နစ်နာကြေးပေးရေးအတွက် စုစုပေါင်း သန်း ၅၀၀ လျော်ကြေးပေးမည်ဟု ကတိပြုထားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလက ကီလိုမီတာ ၂၀၀ ကျော် ရှည်လျားသည့် ဗီယက်နမ် အလယ်ပိုင်း ကမ်းရိုးတန်းတွင် ငါးတန်ချိန်ပေါင်း ၁၁၅ တန် လာရောက်တင်ကျန်နေခဲ့ပြီး ငါးတန်ချိန် ၁၄၀ ခန့်နှင့် အခွံမာ ရေသတ္တဝါ တန်ချိန် ၆၇ တန်ခန့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

အဆိုပါ အဖြစ်အပျက်ကြောင့် ဗီယက်နမ်နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ရသည်။

ထိုင်ဝမ်ကုမ္ပဏီ Formosa Ha Tinh သည် ကန်ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံတန် စက်ရုံလုပ်ငန်းစုတစ်ခုဖြစ်ပြီး ယင်းတွင် စတီးလ်စက်ရုံတစ်ရုံ၊ ဓါတ်အားပေးစက်ရုံနှင့် ရေနက်ဆိပ်ကမ်းတစ်ခုဆီ ရှိနေလျက်ရှိကာ ဗီယက်နမ်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော အကြီးဆုံးသော နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags