ရေပိုင်နက်အငြင်းပွားမှုများဖြင့် တင်းမာမှုများရှိနေချိန် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မည်

ရေပိုင်နက်အငြင်းပွားမှုများဖြင့် တင်းမာမှုများရှိနေချိန် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မည်

ဇူလိုင် ၂၉ ။                         ။ တောင်တရုတ်ပင်လယ်တွင် ရုရှ နှင့် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း တရုတ်က ပြောကြားလိုက်သည်။ ရေပိုင်နက် အငြင်းပွားမှုများဖြင့် တင်းမာမှုများ အရှိန်မြင့်နေချိန်တွင် ရုရှ နှင့် ပူးတွဲစစ်ရေးလေကျင့်မည့်အစီအစဉ်ကို တရုတ်က ချပြခဲ့ခြင်းဖြစ်သည်။

အဆိုပါပင်လယ်ပြင်တွင် တရုတ်တို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုပြောကြားထားမှုများကို အထောက်အထားမဲ့ တရားမဝင်ကြောင်း ယခုလအစောပိုင်းက နိုင်ငံတကာ ခုံရုံးက စီရင်ထားခဲ့ပြီး ယခုအခါ တရုတ်-ရုရှ ပူးတွဲစစ်ရေးလေ့ကျင့်မည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံသွားမည်မဟုတ်ကြောင်း တရုတ်အစိုးရက ကြွေးကြော်ထားသည်။

" လာမယ့် စက်တင်ဘာမှာ လုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ၊ ဘယ်သူ့ကိုမှ ပစ်မှတ်ထား ရည်ရွယ်ခြင်း မရှိပါဘူး" ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်ပြင်တွင်းရှိ သတ်မှတ်ထားသည့် ရေပြင်၊ဝေဟင်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ယန်ယူကျွန်းက ပြောကြားသွားသော်လည်း နေရာအတိအကျကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် တရုတ်နှင့် ရုရှတို့၏ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန် ရည်ရွယ်ကြောင်းနှင့် ပင်လယ်ရေကြောင်းခြိမ်းခြောက်မှုများ ရှိနေချိန်တွင် နှစ်နိုင်ငံရေတပ်များ၏ လုပ်ဆောင်နိုင်စွမ်းများ တိုးမြင့်စေနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly