ဂျွန်စတုန်းကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာဝန်ခံ

ဂျွန်စတုန်းကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာဝန်ခံ

ဇူလိုင် ၂၉၊ အင်္ဂလန် ။                ။ အဲဗာတန်နောက်ခံကစားသမားဂျွန်စတုန်းကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အတည်ပြု ပြောဆိုလိုက်သည်။

ဂျွန်စတုန်းမှာလည်း ယခုနှစ်နွေရာသီတွင် အဲဗာတန်အသင်းမှ ထွက်ခွာလိုလျက်ရှိနေသည်။ သို့သော် အဲဗာန်အသင်းက ဂျွန်စတုန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ အလိုရှိနေသည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ရန် ကြန့်ကြာနေရသည်။

မန်စီးတီးအသင်းမှာ ပေါင်သန်း ၄၀ ဖြင့် ပထမအကြိမ်ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည့်အတွက် ယခု ပြောင်းရွှေ့ကြေးကို ထပ်မံတိုးမြှင့်ကာ ဆွေးနွေးလျက်ရှိနေကြသည်။ သို့သော် လက်ရှိအချိန်တွင် ဂျွန်စတုန်းမှာ အဲဗာတန်အသင်းနှင့်အတူ ရာသီကြိုခြေစမ်းပွဲများကစားရန် ဂျာမနီသို့ လိုက်ပါသွားခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ‘ဂျွန်စတုန်းကို ခေါ်ဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်ဆိုတာ အားလုံးသိပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ’ ပြောသည်။

ဂွါဒီယိုလာက လက်ရှိအသင်းအင်အားကို ကျေနပ်သော်လည်း အသက် ၂၂ နှစ်အရွယ်ရှိ ဂျွန်စတုန်းကို အသင်းအတွက် အားဖြည့်လိုကြောင်း ဝန်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly