ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည့် ဝ နှင့် မိုင်းလားအဖွဲ့များ နေပြည်တော် ရောက်ပြီ

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည့် ဝ နှင့် မိုင်းလားအဖွဲ့များ နေပြည်တော် ရောက်ပြီ
Photos: Kyaw Ye Myo Chit

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ရန် မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့်အဖွဲ့ နေပြည်တော်ကို ဇူလိုင် ၂၈ရက်က ရောက်ရှိနေပါပြီ။

၎င်းတို့ကို ငြိမ်းချမ်းရေးကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့က ကြိုဆိုခဲ့ကြပါတယ်။ ဇူလိုင် ၂၇ရက်ကလည်း UWSA ခေါင်းဆောင်များ ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါအဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly