ပြင်သစ်ဘုန်းတော်ကြီး အသတ်ခံရပြီးနောက် ဘာသာရေးခေါင်းဆောင်များက ဝတ်ပြုရာနေရာများတွင် လုံခြံုရေးတိုးမြှင့်ပေးရန် သမ္မတအား တောင်းဆို

ပြင်သစ်ဘုန်းတော်ကြီး အသတ်ခံရပြီးနောက် ဘာသာရေးခေါင်းဆောင်များက ဝတ်ပြုရာနေရာများတွင် လုံခြံုရေးတိုးမြှင့်ပေးရန် သမ္မတအား တောင်းဆို

ပါရီ၊ ဇူလိုင် ၂၇ ။               ။  ပြင်သစ်နိုင်ငံတွင် ဇူလိုင် ၂၆ ရက်က ခရစ်ယာန်ထေရ်ကြီးဝါကြီး ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရပြီးနောက် နိုင်ငံတွင်းရှိ ဘာသာရေးခေါင်းဆောင်များက ဝတ်ပြုရာနေရာများ၌ လုံခြုံရေးပိုမိုတိုးမြှင့်ချထားပေးရန် တောင်းဆိုလိုက်သည်။

ခရစ်ယာန်၊ မွတ်စလင်၊ ဂျုးနှင့် ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်များက သမ္မတ အော်လန်းနှင့် တွေ့ဆုံရာ၌ တောင်းဆိုပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ခရစ်ယာန်ဘုန်းတော်ကြီး ဂျက်ကွတ်စ်ဟာမယ်က ၎င်း၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်း နံနက်ခင်း ဝတ်ပြုသူများနှင့် ရှိစဉ် အသတ်ခံရခြင်းဖြစ်သည်။

သတ်ဖြတ်သူများနှစ်ဦးအနက် တစ်ဦးက စောင့်ကြည့်စာရင်းဝင်တရားခံတစ်ဦးဖြစ်ပြီး ခံဝန်ချုပ်ဖြင့်

ယာယီလွှတ်ထားစဉ် ၎င်းအား ထောက်လှမ်းသည့် လျှပ်စစ်ခြေချုပ်ကိရိယာကို ယာယီပိတ်ထားခံရချိန်တွင် ယခုသတ်ဖြတ်မှုကို ကျုးလွန်ခြင်းဖြစ်သည်။

ယခုဘုန်းတော်ကြီး သတ်ဖြတ်ခံရမှုသည် နိစ်မြို့တွင် လူပေါင်း ၈၄ ဦးသေဆုံးသော တိုက်ခိုက်မှုပြီးနောက် ၁၂ ရက်မြောက်နေ့၌ ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် သမ္မတဖရန့်စွာအော်လန်းက လုံခြုံရေးအဖွဲ့နှင့် ကာကွယ်ရေးကောင်စီတို့နှင့် ဇူလိုင် ၂၇ ရက် အစောပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းနေ့နောက်ပိုင်း၌လည်း ကက်ဘိနက်အစည်းအဝေး ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags