ဒေးဗစ်ဘက်ခမ်၏ မေဂျာလိဂ်ဖရီးကစ်စံချိန်ကို ဂျီယိုဗင်ကို ချိုးဖျက်

ဒေးဗစ်ဘက်ခမ်၏ မေဂျာလိဂ်ဖရီးကစ်စံချိန်ကို ဂျီယိုဗင်ကို ချိုးဖျက်

ဇူလိုင် ၂၆၊ အမေရိကန် ။              ။ တိုရွန်တိုအသင်းက ဒီစီယူနိုက်တက်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တိုရွန်တိုတိုက်စစ်မှူး ဂျီယိုဗင်ကိုသည် ဖရီးကစ်မှ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အတွက် ဒေးဗစ်ဘက်ခမ်၏ မေဂျာလိဂ် ဖရီးကစ်စံချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်သည် အယ်လ်အေဂလက်ဆီအသင်းတွင် ကစားခဲ့စဉ်က ဖရီးကစ်မှ ခြောက်ဂိုးအထိသွင်းယူထားသူဖြစ်သည်။ ယခု ဂျီယိုဗင်ကိုမှာ ဖရီးကစ်မှ ၇ ဂိုးအထိသွင်းယူထားနိုင်ပြီ ဖြစ်သည်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း ဂျီယိုဗင်ကိုသည် ဖရီးကစ်ကန်သွင်းမှုတွင် ဂိုးအများဆုံးသွင်းနိုင်သူဖြစ်သော်လည်း ရာခိုင်နှုန်းများအရ အကောင်းဆုံးဖရီးကစ်ကန်သွင်းနိုင်သူတော့ မဟုတ်ပေ။ ဂျီယိုဗင်ကိုသည် ထိုဖရီးကစ် ၇ ဂိုးရရန် ဖရီးကစ်ပေါင်း ၇၆ ကြိမ် ကန်သွင်းခဲ့ရသည်။ ထို့ကြောင့် ၎င်း၏ ဖရီးကစ်ဂိုးရရှိမှု ရာခိုင်နှုန်းမှာ ၉.၂ ရာခိုင်နှုန်းသာ ရှိသည်။

မွန်ထရီရယ်အသင်းမှ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာမှာ ဖရီးကစ် ၂၂ ကြိမ် ကန်သွင်းရာတွင် ငါးဂိုးရရှိထားသည့်အတွက် ၎င်း၏ဖရီးကစ်ဂိုးရရှိမှု ရာခိုင်နှုန်းမှာ ၂၂.၇ ရာခိုင်နှုန်းဖြစ်သည်။ ဒေးဗစ်ဘက်ခမ်မှာမူ ၁၃ ရာခိုင်နှုန်းဖြစ်ပြီး ၄၆ ကြိမ်ကန်သွင်းကာ ခြောက်ဂိုးရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly