ဇီကာပိုးကြောင့် ဦးခေါင်းသေးကလေးငယ် ဥရောပတွင် ပထမဆုံးမွေးဖွားလာ

ဇီကာပိုးကြောင့် ဦးခေါင်းသေးကလေးငယ် ဥရောပတွင် ပထမဆုံးမွေးဖွားလာ

မက်ဒရစ်၊ ဇူလိုင် ၂၆ ။            ။ စပိန်နိုင်ငံတွင် ဇီကာပိုးကူးစက်ခံရသူ အမျိုးသမီးတစ်ဦးက ဦးနှောက်ပုံမမှန်သည့် ဦးခေါင်းသေးကလေးငယ်တစ်ဦး မွေးဖွားကာ ဥရောပတွင် ပထမဆုံးဇီကာပိုးကြောင့် ဦးခေါင်းသေးကလေးငယ် မွေးဖွားခြင်း ဖြစ်ဖွယ်ရှိသည်။

မေလအတွင်းက သန္ဓေသားစမ်းသပ်မှု၌ ကလေးငယ်မှာ ဦးခေါင်းသေးကလေးငယ်ဖြစ်နေကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သော်လည်း အဆိုပါ မိခင်နှင့် ဖခင်တို့က ကလေးအား မွေးဖွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကလေးငယ်က ပုံမှန်ကျန်းမာကြောင်း Vall d’Hebron ဆေးရုံမှ  မွေးကင်းစကလေးအထူးကုဆရာဝန်ကြီး Feliz Castillo က ပြောသည်။

ထိုကလေးငယ်ကို ကိုယ်ဝန် သီတင်းပတ် ၄၀ လွယ်ကာ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကလေးငယ်သည် ပုံမှန်ထက် ဦးခေါင်းက သေးငယ်ကာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး အမြဲမပြတ်စောင့်ကြည့်လျက်ရှိနေကြောင်း၊ မိဘဖြစ်သူများကတော့ အလွန်ကို စိတ်လှုပ်ရှားလျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags