မန္တလေးမြို့ ဧရာဝတီမြစ်ဘေးက မူးယစ်ဆေးနှင့် ပတ်သက်သူများကို ရဲက အင်အားသုံးဖမ်းဆီး

မန္တလေးမြို့ ဧရာဝတီမြစ်ဘေးက မူးယစ်ဆေးနှင့် ပတ်သက်သူများကို ရဲက အင်အားသုံးဖမ်းဆီး

မန္တလေး၊  ဇူလိုင် ၂၅ ။          ။ မန္တလေးမြို့ ၁၉လမ်းနှင့် ၁၄လမ်းကြား၊ ဧရာဝတီဆိပ်ကမ်းဘေးမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများကို မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ရက်နေ့ နံနက်ပိုင်းတွင် အင်အားသုံးရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

" တိုင်စာတွေ နဲ့ စုံစမ်းမှုတွေအရ သတင်းတည်ဆောက်တယ်။ အဲဒီပေါ်မူတည်ပြီး နေရာတွေရွေးတယ်။သတင်း အ တည်ပြုပြီးမှ ဖမ်းဆီးရေးလုပ်ပါတယ်။ ဒီနေ့မှာ အရာရှိအဆင့်၊အခြားအဆင့် ရဲတပ်ဖွဲ့အင်အား ၃၀၀ဦး ကျော်နဲ့ တပြိုင် နက် ရှာဖွေဖမ်းဆီးခဲ့တယ်"ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။

လက်ရှိဖမ်းဆီးမှုအခြေအနေမှာ မူးယစ်ဆေးဝါးများကို ရှာဖွေဖမ်းဆီးနေဆဲဖြစ်၍ အရေအတွက်မပြောနိုင်သေကြောင်း၊ သုံးစွဲသူနှင့် ရောင်းချသူ ဟူ၍လည်း စစ်ဆေးရဦးမည်ဖြစ်ပြီး အမှုဖွင့်ပြီးမှသာ အသေးစိပ်သိရှိနိုင်မည်ဖြစ်ကြောင်း ရဲမှူးကြီး ဟန်ထွန်းက ဆက်ပြောသည်။

ပူးပေါင်းဖမ်း ဆီးရာတွင်ပါဝင်သည့် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းအောင်က "သတင်းစုစည်းပြီး ဒီ နေ့မှာ အင်အားသုံး ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အမှုဖွင့်ရမှာက ပုသိမ်ကြီးမြို့နယ် ရဲစခန်းနဲ့ အောင်မြေသာစံ မြို့  နယ် ရဲစခန်းမှာဖြစ်ပါတယ်။ခုချိန်ထိ အသေးစိပ်မသိနိုင်သေးပါဘူး" ဟု ပြောသည်။

လက်ရှိဖမ်းဆီးရမိထားသူများမှာ ပုသိမ်ကြီးမြို့နယ်၊ စက်ရိပ်ကျေးရွာမှ ၂ဦး၊အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်း (တာရိုးဘေး)တဲများမှ ၄ဦး တို့ကို သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီး ရမိခဲ့ပြီး ဆက်လက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိဆဲဖြစ်ကြောင်း သိရသည်။

ယခုဝင်ရောက်ဖမ်းဆီးသောနေရာများသည် မန္တလေးမြို့တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နာမည်ကြီးနေသောနေရာ ဖြစ်ကြောင်း ရာအိမ်မှူး ဦးတင်ညွှန့် ကဆိုသည်။

"အခုလိုဝင်ဖမ်းပေးတာ ကျေးဇူးတင်ပါတယ်။လူငယ်တွေအတော်ပျက်စီနေကြပြီ။လုံးဝပျောက်ကွယ်တဲ့အထိ ဖမ်းဆီးမှု တွေလုပ် ပေးစေချင်တယ်။ကျွန်တော်တို့လည်း ပူပေါင်းပါဝင်သွားမှာပါ။"ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly