ဆီးရီးယားက ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦး ဂျာမနီ ဂီတပွဲတွင် အသေခံဗုံးခွဲ

ဆီးရီးယားက ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦး ဂျာမနီ ဂီတပွဲတွင် အသေခံဗုံးခွဲ

ဘာလင်၊ ဇူလိုင် ၂၅ ။              ။ ဂျာမနီနိုင်ငံ အန်စဘတ်ရှ်မြို့က လဟာပြင်ဂီတပွဲအနီးတွင် ဆီးရီးယားရွှေ့ပြောင်းဝင်ရောက်သူတစ်ဦး အသေခံဗုံးခွဲ၍ လူ ၁၂ ဦး ဒဏ်ရာရကြောင်း၊ ၎င်းက နိုင်ငံရေး ခိုလှုံခွင့်တောင်းခံထားရာတွင် မရခဲ့သူ ဆီးရီးယားက ရွှေ့ပြောင်းဝင်ရောက်သူဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အသက် ၂၇ နှစ်အရွယ် ၎င်းက ဂီတပွဲအတွင်းသို့ ဝင်ခွင့် မရခဲ့ရာမှ အနီးနားတွင် ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် လူပေါင်း ၂၅၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ယခုတိုက်ခိုက်မှုသည် သီတင်းတစ်ပတ်အတွင်း ဂျာမနီ၌ တတိယမြောက် တိုက်ခိုက်မှုဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်က မြူးနစ်မြို့ရှိ ရှော့ပင်းစင်တာတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူကိုးဦး သေဆုံးသည်။ Wuerzburg မြို့တွင်လည်း ဆယ်ကျော်သက်လူငယ်တစ်ဦး ရထားပေါ် ပုဆိန်ဖြင့် တိုက်ခိုက်၍ လူ လေးဦး ဒဏ်ရာရသည်။

ရှော့ပင်းစင်တာတိုက်ခိုက်သူ ဆယ်ကျော်သက်လူငယ်က ကိုယ်ကိုကို ပစ်ခတ် သတ်သေသွားခဲ့ပြီး ရထားပေါ်တိုက်ခိုက်သူမှာ လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly