မန္တလေး လေဆိပ်၊ ကားဂိတ် ၊ ဘူတာရုံများတွင် မားစ်ရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးနေ

မန္တလေး လေဆိပ်၊ ကားဂိတ် ၊ ဘူတာရုံများတွင် မားစ်ရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးနေ

မန္တလေး၊ ဇူလိုင် ၉ ။      ။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားဂိတ်များ၊ ဘူတာများနှင့် ဟိုတယ်များတွင် ဇူလိုင်လ ၉ ရက်မှစတင်၍ မားစ်ရောဂါနှင့် ပတ်သက်သည့် စောင့်ကြပ် ကြည့်ရှု့စစ်ဆေးခြင်းများ ပြုလုပ်နေ သည်ဟု မန္တလေးတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဝင်းနိုင် က ပြောသည်။

ဒေါက်တာ ဝင်းနိုင် က " နေ့စဉ်ပြည်ပ ဝင်လာသူအားလုံးကို အဖွဲ့လိုက် စောင့်ကြည့်ပြီး စစ်ဆေး တာတွေ လုပ်နေတယ်။ တည်းခိုမယ့် ဟိုတယ်၊ မိုတယ်တွေနဲ့လည်း ပူးပေါင်းပြီး စဉ်ဆက်မပြတ် စောင့်ကြည့်မှုတွေ လုပ်သွားမယ် "ဟု ပြောသည်။

ထိုသို့စောင့်ကြည့်စစ်ဆေးမှုများအား ညောင်ဦးလေဆိပ်နှင့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့

တွင် ပြုလုပ်နေပြီး လက်ရှိအခြေအနေတွင် ရောဂါနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိမှု မရှိသေးကြောင်း လည်း ဒေါက်တာ ဝင်းနိုင် ကဆိုသည်။

ဒေါက်တာ ဝင်းနိုင် က  " ညောင်ဦးလေဆိပ်ကို နိုင်ငံခြားခရီးသွားတွေက ရန်ကုန်ကနေ တိုက်ရိုက် ဝင်တာတွေရှိတော့ အဲဒီမှာလည်းစောင့်ကြည့်မှုတွေလုပ်တယ်။ ကူမင်းကနေ တံတားဦးလေဆိပ်ကို တိုက်ရိုက်ဝင်တွေရှိတော့ အထူးကြပ်မတ် စစ်ဆေးမှုတွေလုပ်နေတယ်။ အဲဒီလိုစစ်ဆေးပြီးရင် ခရီးသွား ရာဇဝင်ကိုလည်း စစ်မေးမှုတွေထပ် လုပ်ပါတယ်။ လောလော ဆယ်တော့မတွေ့သေးဘူး။ "ဟု ပြောသည်။

မားစ် ရောဂါနှင့်ပတ်သက်၍ သံသယရှိလာပါက မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ကာ ရောဂါပိုးမပြန့်ပွားစေရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆိုပါဆေးရုံအား ကူးဆက်မြန်ရောဂါ ကုသ ရန် သီးသန့်ထားရှိသွားမည်ဖြစ်သည်။

မားစ်ရောဂါပိုးသည် ရုတ်တရက် အသက်ရှုလမ်းကြောင်းတွင် ဝင်ရောက်ခြင်းဖြစ်ကာ နှာမွန်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှု ကြပ်ခြင်းများဖြစ်ပါ်ပြီး ၂ ရက်မှ ၁၄ ရက်အတွင်း  ရောဂါလက္ခဏာ ပြတတ် သည်ဟု ဒေါက်တာဝင်းနိုင် က ဆိုသည်။

စစ်ဆေးမှုများ ပြုလုပ်ရာတွင်  ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာန၊ ဒေသအာဏာပိုင် အုပ်ချုပ်ရေးအဖွဲ့များ၊ လူဝန်မှုကြီး ကြပ်ရေးအဖွဲ့တို့ဖြင့် ပူးပေါင်းစစ်ဆေးနေပြီး ကူးစက်ပြန့်ပွားခြင်း  မရှိစေရန် ပြင်ဆင်ထားသည့် သီးသန့်လူနာ တင်ယာဉ်ကို လည်း လေဆိပ်တွင် အချိန်ပြည့် ထားရှိထားသည်ဟုလည်း ၎င်းက ဆိုသည်။

"  ကာကွယ်နည်းကတော့  လက်ရှိမှာ အကောင်းဆုံးနည်းလမ်းပဲ။ "ဟု လည်း ဒေါက်တာဝင်းနိုင် က ပြောသည်။

မားစ်ရောဂါသည် အာရှ နိုင်ငံ အချို့တွင် ဖြစ်ပွားနေပြီး  တောင်ကိုရီးယားနိုင်ငံတွင်  မေလအတွင်းက စတင် ဖြစ်ပွားခဲ့ကာ ဇူလိုင်လဆန်းပိုင်း အထိ ၁၈၆ ဦးဖြစ်ပွား၍ ၃၄ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly